လားရှိုးမှာ ပါဆယ်အထုပ်လာပို့တဲ့ ကားသမားတစ်ဦး ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားသမားအမျိုးသားတစ်ဦးက ပါဆယ်အထုပ်လာပို့ချိန်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်နဲ့စစ်ကောင်စီတို့ လားရှိုးမှာ ထပ်မံတွေ့ဆုံနေ၊ ၁လအတွင်း ၂ကြိမ်မြောက်တွေ့တာ ဖြစ်

ကိုးကန့်တပ်-MNDAAနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မတ်လ ၃၁ရက်နေ့ မနက် ၁၀နာရီ ဝန်းကျင်မှာ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတည်မှာ ထပ်မံတွေ့ဆုံနေကြတယ်လို့ ရွှေဖီမြေရဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။

လားရှိုး ဒေသခံတွေ ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိပြီး ရဲလက်အပ်ခဲ့တဲ့ သူခိုး ၂ ဦး ပြန်လွတ်လာပြီး ထပ်ခိုးလို့ ထပ်ဖမ်းခံရ

လားရှိုးမြို့မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ဖမ်းဆီးရမိပြီး ရဲထဲအပ်ခဲ့တဲ့ သူခိုး ၂ ဦး ပြန်လွတ်လာပြီး ထပ်ခိုးလို့ ထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုင်းမင်းနောင် ကျဆုံးခြင်း ၅ နှစ် ပြည့်ပြီ

လွန်ခဲ့တဲ့ ၂ဝ၂၁ခုနှစ် မတ်လ ၂၇ရက် တပ်မတော်နေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း အေးချမ်းစွာ ဆန္ဒပြကြတဲ့ အပစ်မဲ့ပြည်သူ ရာနဲ့ချီကို စစ်တပ်က ၁ရက်တည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။

လားရှိုးက ရပ်ကွက်တချို့မှာ စစ်မှုထမ်း အကြောင်းပြပြီး နယ်မြေမှူးက လူထုတွေထံ ငွေကြေး ကောက်ခံနေ

စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၈)မှ နယ်မြေမှူးက စစ်မှုထမ်း အကြောင်းပြပြီး လူထုတွေထံ ငွေကြေး ကောက်ခံနေတယ်လို့ ကိုယ်တိုင်ပေးခဲ့တဲ့သူတွေနဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေသာ စက်သုံးဆီ လိုသလောက် ထည့်လို့ရပေမဲ့ လူထုတွေက ညအိပ်စောင့်ဆိုင်းနေရ

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုသာ စက်သုံးဆီ လိုသလောက် ထည့်ပေးနေပြီး လူထုတွေတော့ ဆီရဖို့ကို ညအိပ်ပြီး စောင့်ဆိုင်းနေရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးက ရဲတပ်သားတစ်ဦး မြို့ထဲရှိ KTV တွေမှာ မူးယစ်ဆေးဝါး လိုက်ရောင်းနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ KTV တွေမှာ ရဲတပ်သားတစ်ဦးက မူးယစ်ဆေးဝါးတွေ လိုက်ရောင်းနေကြောင်း မြို့ခံအမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ပလာဆေဝ် ကနာည်နံင်ဘိူန်းဇိူရ်ႈ အိုမ်ပျြံင်ထာတ် ဘ်ုပ်ဟာဝ်းဇံင်းကယည်ဖါ်ႈ အိုရ်ဆီုင်ခည်ဆိူမ် အိုမ်ပျြံင်ထာတ် အူလီတာမာ် ခံန်ဟိုက်ဒေဲႈပွံတ် ဘံင် 1မှီုန်လေႈဖံန်ဟြဲင်

ဘိူန်းအယ်တခေါရ်နံပ်တ တိုအီးခေဲင်အရာပ်ကဲဒါႈ ဂေါႇမိုႈအိုမ်ပျြံင်ထာတ် ပကီုင်းလာဆေဝ် ကပီုန်ဆျှံမ်ကဒါႇပိူည် အ်ုန်အီမိုႈဒီပ်ုန်ႎီရ်ထိင်ခြဲအူန်း တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲနီန် စီပဲန်ကား ဆဲင်ကယ်ကဲ ဘ်ုပ်ဇံင်းအူန်းဖါ်ႈ ကနာည်နံင်ဘိူန်းဇိူရ်ႈ အိုမ်ပျြံင်ထာတ်နီန်အောႏ။

လားရှိုးမှာ ဓာတ်ဆီတွေ ဝယ်ယူရဖို့ ညကတည်းက ကြိုတင်တန်းဆီ စောင့်ဆိုင်းရတာတွေ ရှိနေပြီး ဓာတ်ဆီတစ်လီတာကို ၁ သောင်းခွဲအထိ ဈေးမြှင့်တက်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဆီပြတ်လပ်မှုကြောင့် ဆီဖြည့်ရဖို့ကို ဆိုင်ကယ်နဲ့ ကားတွေက ကြိုတင်တန်းစီ စောင့်ဆိုင်းနေရတယ်လို့ လားရှိုးဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ KIA၊ SSPP ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားထား

လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ကချင်တပ်မတော်- KIA ရဲ့ စစ်ဆေးရေးဂိတ်အပါအဝင် နမ့်ဖတ်ကာနဲ့ မူဆယ် (၁၀၅) မိုင်မှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားလိုက်ပြီလို့ ကားသမားတွေဆီက သိရပါတယ်။