စစ်မှုထမ်းဖို့ လာဘ်ပေးပြီးရှောင်သူတွေ များလာတာကြောင့် မန္တလေးမှာ မဲနှိုက်ရွေးချယ်မှုတွေပြန်လည်လုပ်ဆောင်လာ

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းတိမ်းရှောင်ဖို့အတွက်ငွေကြေးပေးဆောင်ပြီးတိမ်းရှောင်သူတွေ များပြားလာတာကြောင့် စစ်မှုထမ်းမဲနှိုက်ရွေးချယ်မှု အသစ်တွေ ထပ်မံလုပ်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။

လားရှိုးမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို လစာကောင်းပေးမယ်ဆိုပြီး စစ်မှုထမ်းကြဖို့ စစ်ကောင်စီ လိုက်လံစည်းရုံးနေ

ရှမ်းမြောက် လားရှိုးမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ အလုပ်အကိုင်မရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းကြဖို့ စစ်ကောင်စီနဲ့ ၎င်းရဲ့ လက်အောက်ခံရဲတွေက လိုက်လံစည်းရုံးနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

ပြည်တွင်းစစ်နဲ့ ဆင်းရဲမွဲတေမှုကြောင့် မူးယစ်ဆေးဝါး ပပျောက်ဖို့ ခက်ခဲနေတယ်လို့ TNLA ပြော

ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပါအဝင် စစ်ကောင်စီတပ်ကလည်း ဒေါ်လာ ဘီလီယံ သန်းချီတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တအာင်းတပ်ရဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား

ဒီနေ့ ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ တအာင်းတပ်က မူးယစ်ဆေးဝါး ကျပ်ဘီလီယံ ၂ဝ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ထိန်းချုပ်ဒေသမှာ မီးရှို့တဲ့အခမ်းအနား ကျင်းပခဲ့ပါတယ်။

မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တဲ့ လားရှိုးဒေသခံ ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး သိန်းရာချီ ယူပြီးနောက် ပြန်လွှတ်ပေး

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က မူးယစ်ဆေးဝါး အရောင်းအဝယ် လုပ်နေသူ ၂ ဦးကို စစ်ကောင်စီ လက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့က ဖမ်းပြီး ငွေသိန်းရာချီ ယူကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျပ် ၂၀ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို လူထုရှေ့ တအာင်းတပ် မီးရှို့ဖျက်ဆီး

ဒီနေ့ ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်- PSLF/TNLA က ကျပ် ၂၀ ဘီလီယံ (သိန်းပေါင်း နှစ်သိန်း)တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို လူထုရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

တအာင်းတပ်က ၂ နှစ်တာ ဖမ်းဆီးရမိတဲ့ ကျပ် ၂၀ ဘီလျံ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို လူထုရှေ့မှာ မီးရှို့မယ်

တအာင်းတပ်မတော်- PSLF/TNLA က နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်တဲ့အနေနဲ့ ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း ၂ နှစ်တာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို အများပြည်သူရှေ့မှာ မီးရှို့သွားမယ်လို့ ထုတ်ပြန်လာပါတယ်။

ရပ်စောက်မြို့နယ်ထဲက ကျေးရွာတွေမှာ RCSS က ဆန်တွေ အခွန်ကောက်၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဖမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်း

ရှမ်းတောင် ရပ်စောက်မြို့နယ်က ကျေးရွာအများစုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က အခွန်ကောက်ခံနေတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အတွက် “ဝ” က အထူးစစ်ဆေးရေး စစ်ဆင်ရေးဆင်နွဲနေတယ်လို့ ဆို

လာမယ့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ကြိုဆိုတဲ့အနေနဲ့ “ဝ” ရဲတပ်ဖွဲ့ဝင်တွေနဲ့ “ဝ” တပ် – UWSA တို့ ပူးပေါင်းပြီး အင်အားအများအပြားအသုံးပြုကာ “ဝ” ပြည်တစ်ဝန်းလုံးမှာ စစ်ဆေးရေးဂိတ်ကြီးတွေချ စစ်ဆေးတာ၊ အရေးကြီးတဲ့နေရာတွေကို ရှင်းလင်းစစ်ဆေးတဲ့ စစ်ဆင်ရေးကို ဖော်ဆောင်နေတယ်လို့ WSP က ထုတ်ပြန်ခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ မူယစ်ဆေးဝါးသုံးစွဲသူ သိသိသာသာများလာ၊ ကချင်တပ်ဖက်မှ ဖမ်းဆီးတာတွေ လုပ်နေပေမဲ့ ငွေနဲ့ ရွေးရင် ပြန်လွှတ်ပေးတာရှိ

ကိုးကန့်တပ် MNDAA ထိန်းချုပ်မှုအောက် ပြန်လည်ရောက်ရှိနေတဲ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေ များပြားလာပြီး ပစ္စည်းခိုးယူခံရမှုတွေလည်း ခပ်စိတ်စိတ် တွေ့လာရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။