ပွဲစားအချိတ်အဆက်နဲ့ မူဆယ်မှာ အလုပ်လုပ်ဖို့ ခေါ်ဆောင်သွားခံရတဲ့ ကွတ်ခိုင်က ကျောင်းသူ ၃ ဦးနဲ့ အဆက်အသွယ်မရတော့တာကြောင့် လူကုန်ကူးခံရမှာကို မိသားစုဝင်တွေ စိုးရိမ်
ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၁၊ ၆ နဲ့ ၇ တွေမှာ နေထိုင်တဲ့ ကျောင်းနေအရွယ် အမျိုးသမီးငယ် ၃ ဦးဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်ပြီး မူဆယ်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ ထွက်သွားခဲ့တာကြောင့် မိသားစုဝင်တွေက လူကုန်ကူးခံရမှာကို စိုးရိမ်နေကြောင်း မိခင်ဖြစ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။