စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း ၁၀၀ ကျော် MNDAA ထပ်လွှတ်ပေး

‎ပပ၊ ဩဂုတ် ၃၁ ရက်၊ လားရှိုး ‎ရှမ်းမြောက် လားရှိုးမြို့နယ်ထဲ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သုံ့ပန်း…

လားရှိုး အေတီချောင်းရေ တက်လာတာကြောင့် ချောင်းအနီးရှိ လယ်တွေ ရေနစ်မြှုပ်၊ ရှမ်းမြောက်မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေ

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်းမြောက် လားရှိုးမြို့ပြင်ရှိ အေတီချောင်းရေ တက်လာတာကြောင့် ချောင်းအနီးရှိ လယ်ယာတွေ ရေနစ်မြှုပ်ကုန်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ လားရှိုးမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး အီနိုင်းရွာမှာ ရေကြီးရေလျှံမှုကြောင့် ကားတွေ ဖြတ်သန်းသွားလာလို့မရ

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာမှာ ချောင်းရေကြီးပြီး လမ်းမကြီးပေါ် ရေ ၅ ပေကျော် တက်လာတာကြောင့် ဖြတ်သန်းသွားလာလို့ မရ‌သေးကြောင်း အီနိုင်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် လားရှိုး ရောက်လာ၊ မြို့အဝင်အထွက်မှာ တောင်းနေတဲ့ ဂိတ်ကြေး လျှော့ပေးဖို့ ဒေသခံတွေ တောင်းဆို

စစ်ကောင်စီရဲ့ လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ဦးဆောင်တဲ့အဖွဲ့က လားရှိုးမြို့ကို ရောက်ရှိနေကြောင်း ရွှေဖီမြေရဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လားရှိုးမြို့မှာ သူခိုးဖမ်းမိရင် အွန်လိုင်းပေါ်မတင်ဖို့ အုပ်ကြီးတွေက ပြောထားပေမဲ့ အမျိုးသမီးအတွင်းခံတွေကို ခိုးယူတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်သံဖိုင် အွန်လိုင်းပေါ် ထပ်မံပျံ့နှံ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်တွေထဲမှာ သူခိုးဖမ်းမိရင် လူမှုကွန်ရက်ပေါ်မတင်ဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးတွေက စည်းရုံးထားပေမဲ့ အမျိုးသမီးတွေရဲ့ အတွင်းခံတွေကို လိုက်လံခိုးယူတဲ့ အမျိုးသားတစ်ဦးကို ဒေသခံတွေ ဖမ်းမိတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ထပ်မံပျံ့နှံ့လာပါတယ်။

နမ့်ပေါင်မှာ ရေကြီးလို့ စပါးခင်းတွေ ပျက်စီးပြီး နေအိမ်ထဲအထိ ရေဝင်

ပပ၊ ဩဂုတ် ၄ ရက်၊ လားရှိုး ‎ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်မှာ မိုးကြီးတာကြောင့် ချောင်းရေတက်ပြီး လယ်ကွက်နဲ့နေအိမ်တွေထဲ ရေဝင်ခဲ့ကြောင်း…

လားရှိုးရေကန်တောင်မှာ စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးသုံးသူတွေကို ဖမ်းဆီးငွေညှစ်နေ၊ မပေးနိုင်သူတွေကို ရိုက်နှက်ပြီး ပြန်လွှတ်

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်- ၅ ရှိ ရေကန်တောင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လိုက်လံဖမ်းဆီးကာ ငွေညှစ်တောင်းနေတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

လားရှိုးမှာ ဖုန်းခိုးယူသွားသူ ၂ ဦးနဲ့ လက်ခံဝယ်ယူထားသူတွေကို ဖမ်းမိ

ရွှေဖီမြေ၊ ဩဂုတ် ၁ ရက်၊ လားရှိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မနေ့ ဇူလိုင် ၃၁ ရက်က…

လားရှိုးမြို့ပေါ်က ရပ်ကွက်တချို့မှာ ရေကြီးလို့ ပျက်စီးဆုံးရှုံးမှုရှိ

ရှမ်းမြောက် လားရှိုးမြို့ပေါ်က ရပ်ကွက်တချို့မှာ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ရှိနေတယ်လို့ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ဆေးကြောင်ပြီး သေနတ်ပြခြိမ်းခြောက်တဲ့ အမျိုးသားတစ်ဦးကို မြို့ခံတွေဝိုင်းဖမ်း၊ လားရှိုးမှာ သူခိုး၊ဓားပြတွေကို ဒေသခံတွေကိုယ်တိုင် ဖမ်းနေရ

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်- ၈ အတွင်း မူးယစ်ဆေးကြောင်ပြီး သေနတ်ပြ ရမ်းကားတဲ့ အမျိုးသားတစ်ဦးကို မြို့ခံတွေ ဝိုင်းဖမ်းခဲ့တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။