နယ်မြေခွဲဝေမှုပြဿနာနဲ့ MNDAA ရဲ့ နေပြည်တော်ခရီး

စစ်ကောင်စီရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ တွေ့ဆုံဆွေးနွေးနေကြပေမယ့် စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ်မတော် MNDAA ကတော့ အဲဒီတွေ့ဆုံပွဲတွေထဲ ပါဝင်လာခြင်း မရှိသေးပါဘူး။

ရှမ်းမြောက်တောင်တန်းတွေရဲ့နောက်ကွယ်က အမျိုးသမီးတွေရဲ့ဘဝ

တိမ်ခိုး ဝေ့ဝဲနေတဲ့ တောင်တန်းပြာတွေက ပွေ့ဖက်ထားတဲ့ ရှမ်းမြောက်မြေဟာ သဘာဝတရားရဲ့ အနုပညာလက်ရာမွန်တစ်ခုလို ဆန်းကြယ်လှပလွန်းပါတယ်။ စိမ်းစိုနေတဲ့ တောင်စောင်းတွေ၊ လှိုင်းထရေပြင်ပမာ ယိမ်းထွက်နေတဲ့ တောင်ယာခင်းတွေနဲ့အတူ အလှအပကို ပြနေတဲ့ ပျိုမဒီတစ်ပါးလိုပါပဲ။

စစ်မက်ဒဏ်ကြား ရဲရင့်သော မိခင်

၂၀၂၆ ခုနှစ်အတွင်း လပိုင်းအနည်းငယ်သာ ခြားပြီး အသက် ၃၁ နှစ်အရွယ် တအာင်းအမျိုးသမီးတစ်ဦးသည် ဘဝကို ပြောင်းလဲသွားစေသည့် အဖြစ်အပျက်နှစ်ခုကို ဆက်တိုက် ကြုံတွေ့ခဲ့ရသည်။

မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုနဲ့ FPNCC က ဘယ်အဖွဲ့တွေ စားပွဲဝိုင်းဆီ ရောက်လာနိုင်မလဲ

စစ်ခေါင်းဆောင်က​နေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ မကြာခဏ ဖိတ်ခေါ်လာနေပါတယ်။

ကောင်းတပ်ရွာ ယမ်းပေါက်ကွဲမှု ၁ လပြည့်ပြီ၊ အရေးယူမှုနဲ့ ပြန်လည်ထူထောင်ရေး

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၅၀ ကျော် ထိခိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ တစ်လပြည့်ခဲ့ပါပြီ။

မွေးဖွားမယ့်ရက်မှာပဲ ရက်စက်တဲ့ စစ်တပ်ရဲ့ ဗုံးကြောင့် မိခင်ရော သမီးလေးပါ သေဆုံးခဲ့ရတဲ့ ဝက်လက်က ဖြစ်ရပ်ဆိုး

ကိုယ်ဝန်ဆောင်ကာလကို ကျော်ဖြတ်ပြီးနောက် မီးဖွားဖို့ ရက်ပိုင်းသာလိုတော့တဲ့ အသက် ၃၀ ကျော်အရွယ် မဖြူဟာ မွေးဖွားလာမယ့် ကလေးငယ်ရဲ့ အပြုံးကို မြင်ရဖို့ နေအိမ်ထဲမှာ စောင့်ဆိုင်းနေခဲ့ပါတယ်။

စာသင်ကျောင်းခေါင်းလောင်းသံပြင်ပက ကလေးငယ်တွေရဲ့ဘဝ

မနက်ခင်းအလင်းရောင် စတင်မြင်ရချိန်မှာ ကလေးငယ်တွေရဲ့ စာအံသံထက် တစ်နေ့စာ စားသောက်ဖို့အတွက် မိဘတွေကို စပါးကူထောင်းပေးနေတဲ့ ကလေးတွေ၊ ကျွဲကျောင်းဖို့ ပြင်ဆင်နေကြတာတွေ၊ တောင်ယာထဲဆင်းပြီး အလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့ မြင်ကွင်းတွေသာ တွေ့မြင်ရမှာပါ။

ဝေးလံခေါင်သီမှုကြားက ပျောက်ဆုံးနေရတဲ့ အသက်များ

ရှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ လွယ်တိန်ကျေးရွာဟာ မြို့ပြနဲ့ ဝေးလံခေါင်သီတဲ့ တောင်တန်းဒေသတစ်ခုဖြစ်ပြီး လားရှိုးနဲ့ “ဝ” နယ်စပ်မှာရှိတဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။

ပူဆွေးဝမ်းနည်းမှုတွေကို ပြည့်နက်သွားစေခဲ့တဲ့ ကောင်းတပ်ရွာက ယမ်းဂိုဒေါင် ပေါက်ကွဲမှု

ပြင်းအားကြီးတဲ့ ပေါက်ကွဲမှုတစ်ခု တအာင်းတပ် ထိန်းချုုပ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ မနေ့ မေလ ၃၁ ရက် နေ့လယ် ၁၂ ခွဲဝန်းကျင်မှာ ဖြစ်ပွားခဲ့ပါတယ်။ စစဖြစ်ချင်းနဲ့ နာရီပိုင်းအတွင်းမှာ လေယာဉ်ဗုံးကြဲခံရတာလား။ စစ်လက်နက် အကြွင်းကျန်ကပဲ ပေါက်ကွဲတာလားဆိုတာ ဘယ်သူကမှ သေချာမသိရပဲ တစ်ရွာလုံးကို ရုတ်တရက် ငိုသံတွေနဲ့ ပြည့်နက်သွားစေခဲ့ပါတယ်။

စိတ်ကျန်းမာရေးဒဏ်တွေကြား ရုန်းကန်ရှင်သန်ခြင်း

ဗျောက်ဖောက်သံ ကြားရင်ကို ကြောက်လန့်တယ်လို့ ပြောတဲ့သူကတော့ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ နေထိုင်သူ မအိုင်ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးပါ။