ဓာတ်ပုံ- Local

သုတ၊ မတ်လ ၂၆ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုသာ စက်သုံးဆီ လိုသလောက် ထည့်ပေးနေပြီး လူထုတွေတော့ ဆီရဖို့ကို ညအိပ်ပြီး စောင့်ဆိုင်းနေရတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စက်သုံးဆီရဖို့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက တန်းစီစရာ မလိုဘဲ လိုသလောက် ရနေပြီး လူထုတွေက နာရီနဲ့ချီ တန်းစီကာ စောင့်ဆိုင်းနေရပေမဲ့ ဆီကိုတော့ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

“ဌာနဆိုင်ရာဆိုရင် အနောက်ပေါက်ကနေ ဖွင့်ပေးတယ်။ ကြိုက်သလောက် ထည့်။ သူတို့လူဆို အေးဆေးပဲ။ ပြည်သူတွေကတော့ နေပူထဲမှာ ရပ်နေရတယ်။ ပြည်သူကားဆိုရင် ဆိုင်ကယ် ၁ သောင်း၊ ကား ၅ သောင်းလောက်ပဲ” လို့ ဒီနေ့ မတ်လ ၂၆ ရက်မှာ ဆီရဖို့ တန်းစီစောင့်ဆိုင်းနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ မတ်လ ၂၆ ရက်မှာ လားရှိုးမြို့အတွင်း ဆီတစ်လီတာကို ၉ ထောင်အထိ ဈေးရှိနေပြီး မြို့ပြင် ပန့်ဆီဆိုင်တွေမှာတော့ ဆီ တစ်လီတာကို ၁၃,၀၀၀ ကျပ်အထိ ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

“ဌာနဆိုင်ရာလို့ ပြောလိုက်ရင် ဆီက ရပြီတဲ့။ တချို့လည်း ယူနီဖောင်း ဝတ်ပြီး တန်းစီတဲ့သူလည်း ရှိတယ်။ ပြည်သူတွေဆိုရင် ဆီရဖို့ တစ်ရက်လောက် တန်းစီရတယ်” လို့ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီဘက်က ဆီ ရက် ၅၀ စာ ရှိထားပြီး စက်သုံးဆီ ပြတ်လပ်မှု မရှိအောင် ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပေမဲ့ နိုင်ငံတဝန်းမှာ စက်သုံးဆီ ပြတ်လပ်တာ၊ အကန့်အသတ်နဲ့ ဝယ်ယူရတာတွေ ကြုံနေကြရပါတယ်။

ဒါ့အပြင် ဆီချွေတာဖို့ဆိုပြီး ဝန်ထမ်းအနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်းမှာ နေအိမ်မှာသာ အလုပ်လုပ်ကြဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အီရန်၊ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် မြန်မာအပါအဝင် နိုင်ငံအများစုက စက်သုံးဆီ အလုံအလောက် မရရှိတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။