သံတွဲမြို့နယ်ကို စစ်တပ်က ထပ်မံဗုံးကြဲလို့ သံဃာတော်နဲ့ ၁နှစ်အရွယ် ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာရ

ရခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ သံဃာတော်နဲ့ ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ဆေးကြောင်ပြီး သေနတ်ပြခြိမ်းခြောက်တဲ့ အမျိုးသားတစ်ဦးကို မြို့ခံတွေဝိုင်းဖမ်း၊ လားရှိုးမှာ သူခိုး၊ဓားပြတွေကို ဒေသခံတွေကိုယ်တိုင် ဖမ်းနေရ

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်- ၈ အတွင်း မူးယစ်ဆေးကြောင်ပြီး သေနတ်ပြ ရမ်းကားတဲ့ အမျိုးသားတစ်ဦးကို မြို့ခံတွေ ဝိုင်းဖမ်းခဲ့တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မြိုင်မြို့မှာ ၁ လအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၂၄ ဦးကို သတ်ဖြတ်သွား

မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်မှာ ၁ လအတွင်း စစ်ကောင်စီတပ်က ဒေသခံ ၂၄ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က မနေ့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သီပေါ တာလုံဖောင်ဆိပ်မှာ ကားတစ်စီး မျှောပြီး ပျောက်ဆုံးနေသူ ၅ ဦးထဲက ၁ ဦးရဲ့ အလောင်း ပြန်တွေ့

သီပေါတံတား ပိတ်ထားတာကြောင့် ရှမ်းမြောက် သီပေါမြို့နယ် တာလုံရွာအနီးရှိ တာလုံချောင်းမှာ လှေနဲ့ ဇက်ကူးပြီး ချောင်းထဲ မျှောပါပျောက်ဆုံးနေသူ ၅ ဦးထဲက အမျိုးသားတစ်ဦးရဲ့ အလောင်းကို ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ ပြန်ရှာတွေ့ပြီလို့ သိရပါတယ်။

မူဆယ်မြို့က ကြူကုတ် (ပန်ဆိုင်း) လဝကရုံးမှာ ဒေသတွင်း အိမ်ထောင်စု ခွဲထွက်တာကို တရုတ် ယွမ် ၁၀၀၀ ထိ ပေးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က ကြူကုတ် (ပန်ဆိုင်း) လဝကရုံးမှာ ဒေသတွင်း အိမ်ထောင်စု ခွဲထွက်တာကို တရုတ် ယွမ် ၁၀၀၀ ထိ ပေးဆောင်နေရတဲ့ အပြင် ကလေးမွေးတိုး ထည့်သွင်းရာမှာလည်း ငွေသိန်းချီ ပေးဆောင်နေရကြောင်း ပေးဆောင်ခဲ့ရတဲ့ ဒေသခံတွေဆီက သိရပါတယ်။

TEI က အသက်မွေးဝမ်းကျောင်းပညာသင်တန်းအတွက် သင်တန်းသား ၃၀ ဦး ခေါ်ယူ၊ သင်တန်းပြီးပါက အခြေခံစီးပွါးရေးလုပ်ငန်းအတွက်ပါ ပံ့ပိုးမည်

တအာင်းပညာရေးအင်စတီကျူ့- TEIအဖွဲ့က ၂၀၂၆ – ၂၀၂၇ ခုနှစ်အတွင်း လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းအရည်အချင်း မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး ကွန်ပျူတာသင်တန်းနဲ့ စက်ချုပ်သင်တန်းအတွက် သင်တန်းသားတွေကို ခေါ်ယူနေပါတယ်။

လားရှိုးမြို့ပြင်က ကျေးရွာတွေမှာ တစ်ရွာကို ၅ ဦးနှုန်းနဲ့ စစ်မှုထမ်းရမယ်လို့ MNDAA ပြော

ရှမ်းမြောက် လားရှိုးမြို့နယ်က ကျေးရွာအများစုမှာ ကျေးရွာတစ်ရွာကို ၅ ဦးနှုန်းနဲ့ စစ်မှုထမ်းရမယ်လို့ ကိုးကန့်တပ် MNDAA ဘက်က တောင်းခံနေတယ်လို့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်မြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ZRA ဘက်က ၆ ဦးသေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) တို့ဘက်က ၆ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) က မနေ့ ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပုလဲမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ ကလေးငယ်တွေ ယားနာဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးအကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက စာသင်ကျောင်းတစ်ခုမှာ ကလေးငယ်တွေ ယားနာရောဂါဖြစ်ပွားနေပြီး အရေးပေါ် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ အဲဒီကျေးရွာမှာ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ CDM ဆရာဝန် အောင်ဖြိုးနိုင်ဟာ တန့်ယန်းမြို့ကနေ ထပ်မံထွက်ပြေးသွား၊ လာဘ်ပေးပြီး ထွက်ပြေးသွားတာလို့ ဆို

‎ကွတ်ခိုင်မြို့ကနေ ထောင်ဖောက်ပြေးသွားပြီး သက်ငယ်အဓမ္မပြုကျင်မှု ကျူးလွန်ခဲ့တဲ့ ဆရာဝန် အောင်ဖြိုးနိုင်ဟာ တန့်ယန်းမြို့က မိုင်ဆုန်ဆေးရုံမှာ တာဝန်ထမ်းဆောင်ရာကနေ သတင်းတွေတက်လာတဲ့အတွက်ကြောင့် ဖမ်းဆီးမခံရဘဲ ထပ်မံထွက်ပြေးသွားကြောင်း သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။