သုတ၊ မတ်လ ၂၅ ရက်
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ကချင်တပ်မတော်- KIA ရဲ့ စစ်ဆေးရေးဂိတ်အပါအဝင် နမ့်ဖတ်ကာနဲ့ မူဆယ် (၁၀၅) မိုင်မှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားလိုက်ပြီလို့ ကားသမားတွေဆီက သိရပါတယ်။
“ကွတ်ခိုင်ကနေ ၁၀၅ မိုင်အထိ ဘာဂိတ်မှ မရှိတော့ဘူး။ နမ့်ဖတ်ကာတပ်စခန်းမှာတော့ KIA တပ်ဖွဲ့တွေရှိတယ်။ ဂိတ်တွေတော့ အကုန်ဖယ်လိုက်ပြီ။ သိန္နီအထွက်၊ ကွတ်ခိုင်မြို့ အဝင်အထွက်မှာ MNDAA တွေ ထိုင်ထားတာရှိတယ်။ ဘာမှ မပြောဘူး။ အေးဆေး ဖြတ်သွားလို့ရတယ်” လို့ လားရှိုး- မူဆယ် လမ်းပိုင်း ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်- MNDAA က တိုက်ခိုက်ထိန်းချုပ်ပြီးနောက် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ KIA ရဲ့ ဂိတ်တွေကို MNDAA က ဖယ်ရှားခိုင်းတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အခုလို စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားလာတာ ဖြစ်ပါတယ်။
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေရဲ့ စစ်ဆေးရေးဂိတ်တွေကို ဖယ်ရှားခိုင်းတာဟာ တရုတ်နိုင်ငံဘက်က တရုတ်- မြန်မာ ကုန်သွယ်ရေး ပြန်စနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သုံးသပ်မှုရှိနေပါတယ်။
“တပ်ထဲမှာတော့ နေလို့ရတယ်။ လမ်းမှာ အစစ်အဆေးလုပ်လို့ မရတဲ့ သဘောပေါ့။ အဲလိုဖြစ်တာ တရုတ်ဖိအားလည်း ပါနိုင်တာပေါ့။ ပြီးတော့ ကုန်သွယ်မှုကနေ ရတဲ့ အကျိုးအမြတ်တွေကို ပြန်ခွဲပေးတာလည်း ဖြစ်နိုင်တယ်” လို့ ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြိုထွက်ပေါ်ပြီးနောက် MNDAA က တိုက်ခိုက်ထိန်းချုပ်ပြီးနောက် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ KIA ရဲ့ ဂိတ်တွေကို MNDAA က ဖယ်ရှားခိုင်းတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အခုလို စစ်ဆေးရေးဂိတ်တွေ ဖယ်ရှားလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီး ကွတ်ခိုင်မြို့အပါအဝင် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ နမ့်ဖတ်ကာ၊ မူဆယ် (၁၀၅) မိုင်ရှိ TNLA ရဲ့ တပ်စခန်းတွေကို MNDAA က တိုက်ခိုက် ဖယ်ရှားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။