မတ်လ ၃၁၊ လားရှိုး
ကိုးကန့်တပ်-MNDAAနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မတ်လ ၃၁ရက်နေ့ မနက် ၁၀နာရီ ဝန်းကျင်မှာ လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတည်မှာ ထပ်မံတွေ့ဆုံနေကြတယ်လို့ ရွှေဖီမြေရဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။
အခုတွေ့ဆုံမှုဟာ မတ်လအတွင်း ၂ကြိမ်မြောက်တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပြီး ဒီဆွေးနွေးပွဲဟာ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်နိုင်ဖို့ တွေ့ဆုံတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ရက်နေ့မှာလည်း ကိုးကန့်တပ်က တအာင်းတပ်ကို ထိုးစစ်ဆက်နေချိန်အတွင်းမှာ စစ်ကောင်စီနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
အဲတွေ့ဆုံမှုအပြီး ကိုးကန့်တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲဖြစ်သွားတာကြောင့် တွေ့ဆုံမှုဟာ ထူးခြားမှုရှိနိုင်တယ်လို့ ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။