ဓာတ်ပုံ- Local

မိုင်းသူရ၊ မတ်လ ၂၆ ရက်၊ လားရှိုး

စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ(၈)မှ နယ်မြေမှူးက စစ်မှုထမ်း အကြောင်းပြပြီး လူထုတွေထံ ငွေကြေး ကောက်ခံနေတယ်လို့ ကိုယ်တိုင်ပေးခဲ့တဲ့သူတွေနဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

ရပ်ကွက်(၁)၊ နယ်မြေ(၈)က နယ်မြေမှူး ဦးပြူးဆိုသူဟာ စစ်မှုထမ်းကြေးဆိုပြီး အကြောင်းပြကာ လူထုတွေထံ မိသားစုလိုက်ပေါ် မူတည်ပြီး ငွေကို လစဉ် တောင်းခံနေတယ်လို့ ဆိုပါတယ်။

“မိန်းမသားနေတဲ့ အိမ်တွေတောင် လာတောင်းနေတာ။ တချို့အိမ်ဆို တစ်လ ၅ ထောင်၊ တချို့ဆို တစ်လ တစ်သောင်း လာတောင်းနေတာ။ မဆီမဆိုင် ပိုက်ဆံ လိုက်တောင်းနေတာ။ ရပ်ကွက်(၁)၊ နယ်မြေ(၈)ဆိုတာ အဆင်မပြေတဲ့အိမ် များတယ်” လို့ ကိုယ်တိုင်ပေးခဲ့ရသူနဲ့ နီးစပ်တဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်မှုထမ်းဖို့အတွက် စာရင်းတွေ စတင်ကောက်ခံနေတယ်လို့ သတင်း ထွက်ပေါ်ပြီးနောက် စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်မြေမှူးတွေက လူထုတွေထံ စစ်မှုထမ်းကြေးဆိုပြီး ငွေ ကောက်ခံတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

လားရှိုးမြို့အပြင် ရှမ်းမြောက် နောင်ချို၊ ကျောက်မဲနဲ့ တန့်ယန်းမြို့နယ်မှာလည်း စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့စာရင်း စတင်ကောက်ခံနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“ကျောက်မဲမှာဆိုရင် တစ်ရပ်ကွက် ၂ ယောက် သွားရမှာတဲ့။ လူငှားမယ်လို့ ကြားတယ်။ ပြီးတော့ လူငှားဖို့ ပိုက်ဆံ ကောက်မှာတဲ့” ဆိုပြီး ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်တပ်က စစ်မှုမထမ်းမနေရဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အတည်ပြု ပြဋ္ဌာန်းခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၂၃)အထိ စစ်တပ်ဘက်က ဖွင့်လှစ်ထားပြီး အပတ်စဉ်တစ်ခုကို စစ်မှုထမ်းတပ်သားဦးရေ ၅ ထောင်အထိ သတ်မှတ်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။