တောင်ပြုန်းပွဲမှာ လက်နက်ကိုင်ပျူစောထီးတွေအထပ်ထပ်ရှိနေတဲ့ကြားက နေ့စဥ်လုယက်မှုပေါင်းရာနဲ့ချီရှိနေ

လက်ရှိကျင်းပနေဆဲဖြစ်တဲ့ တောင်ပြုန်းနတ်ပွဲမှာ လက်နက်အပြည့်အစုံနဲ့လုံခြုံရေးရယူနေတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေအထပ်ထပ်ရှိနေတဲ့ကြားက လုယက်ခံရမှုတွေဟာ နေ့စဥ်ရာနဲ့ချီပြီးရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

ကွတ်ခိုင် နမ့်ဖတ်ကာရွာက အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ခံရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက အုပ်ချုပ်ရေးမှူးတစ်ဦး ဓားနဲ့ခုတ်ခံရကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်‌ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎အောင်ပန်းမှာ ကလေးငယ်ရဲ့ ရွှေနားကပ် ဖြုတ်ယူပြီး သတ်ဖြတ်သွားတဲ့ အမျိုးသမီးကို ဖမ်းမိ

‎‎ရှမ်းတောင် အောင်ပန်းမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်ရဲ့ ရွှေနားကပ်ကို ဖြုတ်ယူပြီး ရေတွင်းထဲ ပစ်ချကာ သတ်ခဲ့တဲ့ တရားခံကို ဖမ်းမိခဲ့ကြောင်း ဖြစ်စဉ်မှာ ပါဝင်ကူညီပေးသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ ဖုန်းခိုးယူသွားသူ ၂ ဦးနဲ့ လက်ခံဝယ်ယူထားသူတွေကို ဖမ်းမိ

ရွှေဖီမြေ၊ ဩဂုတ် ၁ ရက်၊ လားရှိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မနေ့ ဇူလိုင် ၃၁ ရက်က…

ဇနီးဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ အမျိုးသားကို “ဝ”က သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်

“ဝ”ပြည် ပန်ဆန်းခေါ် ပန်ခမ်းမြို့နယ် နာလော့ကျေးရွာအုပ်စု ယုံပန်းရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က ပေါက်နီဆိုတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားက ဇနီးဖြစ်သူကို ဓားမနဲ့ ခုတ်သတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

Two men die after ketamine overdose at Muse KTV

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ အမျိုးသား ၃ ဦး က KTVတစ်ခုမှာ အသုံးများတဲ့ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ K ရှူလွန်ပြီး ၂ ဦး သေဆုံးသွားကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖားကန့်မှာ လုပ်ကွက် မြေစာပုံ ထပ်မံပြိုကျလို့ ရေမဆေးကျောက်လုပ်သား အနည်းဆုံး ၄ ဦး ပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နဲ့ ကောင်စံရွာကြားရှိ စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာလုပ်သား အနည်းဆုံး ၄ ဦး မြေစာပုံအောက် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ KIA အရာရှိတစ်ဦး သတ်ဖြတ်ခံရ၊ ကျူးလွန်သူက ကားတစ်စီးနဲ့ သိန်း ၅၀၀ ယူဆောင်ပြီး ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ထံ ထွက်ပြေးသွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ရွာမှာ ကချင်တပ်မတော်- KIA ရဲ့ အရာရှိတစ်ဦး မနေ့ ဇွန်လ ၂၉ ရက် မနက်အစောပိုင်းမှာ သတ်ဖြတ်ခံရကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

တောင်ကျရေကြောင့် မူဆယ်မြို့က ရပ်ကွက်တချို့မှာ ရေကြီးရေလျှံဖြစ်

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တချို့ ရေကြီးရေလျှံ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ မြေစာ ပြိုကျပြီး ၅ ဦးရဲ့အလောင်း ရှာဖွေတွေ့ရှိ၊ ၂ ဦး ပျောက်ဆုံးနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာ သုံးသိန်းမှော် ကျောက်စိမ်း တူးဖော်ရေးနယ်မြေမှာ မနေ့ ဇွန်လ ၂၈ ရက် မနက်အစောပိုင်းက မြေစာပြိုကျမှု ဖြစ်ပွားခဲ့ပြီး ပိမိသေဆုံးခဲ့သူ ၇ ဦးအနက် ၅ ဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားပေမဲ့ ကျန် ၂ ဦးကိုတော့ ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။