ရွှေဖီမြေ၊ မတ်လ ၂၇ ရက်

လွန်ခဲ့တဲ့ ၂ဝ၂၁ခုနှစ် မတ်လ ၂၇ရက် တပ်မတော်နေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း အေးချမ်းစွာ ဆန္ဒပြကြတဲ့ အပစ်မဲ့ပြည်သူ ရာနဲ့ချီကို စစ်တပ်က ၁ရက်တည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။

အဲသတ်ဖြတ်ခံရတဲ့အထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ မိုင်းမင်းနောင်လည်း ပါဝင်ခဲ့ပါတယ်။

မိုင်းမင်းနောင်ဟာ စစ်တပ်အာဏာသိမ်းယူပြီးကတည်းက လားရှိုးမြို့တွင်းထဲမှာ ပထမဆုံး ဦးဆောင်ပြီး ရှေ့ထွက်ဆန္ဒပြတဲ့ထဲက လူငယ်တစ်ဦးဖြစ်ပြီး အာဏာသိမ်းတဲ့ရက်ကနေ သူကျဆုံးခဲ့တဲ့ နေ့အထိ တစ်ရက်မှမပျက်ကွက်ပဲ နည်းအမျိုးမျိုးနဲ့ တွေးတောကြံစည်ပြီး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့ပါတယ်။

အသက် ၂၂အရွယ်သာ ရှိသေးတဲ့ မိုင်းမင်းနောင်ဟာ လားရှိုးတက္ကသိုလ်မှာ ဥပဒေဘာသာရပ်နဲ့ နောက်ဆုံးနှစ်အဖြစ် ကျောင်းတက်နေသူဖြစ်ပြီး တအာင်းဥပဒေအထောက်အကူအဖွဲ့မှာလည်း တာဝန်ထမ်းဆောင်နေတဲ့ လူငယ်ဖြစ်ပါတယ်။

မတ်လ ၂၇ရက်နေ့ မနက် ၇နာရီ ၅ဝမိနစ်မှာတော့ တပ်မတော်နေ့မှာ အကြီးအကျယ်ဆန္ဒပြဖို့ စုဝေးနေချိန် စစ်တပ်က စနိုက်ဘာနဲ့ သူ့ရင်ဘတ်တည့်တည့်ကိုချိန်ပြီး ပစ်သတ်ခဲ့ပါတယ်။

အဲလို ပစ်သတ်ခဲ့ရုံမက စစ်တပ်ဟာ သူ့အလောင်းကို လုယူဖို့ကြိုးစားခဲ့ပြီး လားရှိုးမြို့ထဲက အချိန်မှီသယ်ထုတ်နိုင်တာကြောင့် အလောင်းကိုတော့ စစ်တပ်က မရသွားခဲ့ပါဘူး။

မိုင်းမင်းနောင်ကို ပစ်သတ်ခဲ့တဲ့ အချိန်နဲ့တစ်ပြိုင်နက် စစ်တပ်ဟာ ဆန္ဒပြဖို့လုပ်နေတဲ့ အခြားလူငယ် ၃ဦးကိုလည်း ပစ်သတ်ခဲ့ပြီး အဲ ၃ဦး အလောင်းကိုတော့ လုယူသွားခဲ့ပြီးမှ မိသားစုတွေထံ ပြန်ပေးခဲ့ပါတယ်။

မိုင်းမင်းနောင်ရဲ့ အလောင်းကိုတော့ သူ့ရဲ့မွေးရပ်ဇာတိမြေဖြစ်တဲ့ နမ့်ဆန်မြိုကနယ်ကို ယူဆောင်သွားပြီး သူရဲ့ အုပ်ဂူကိုတော့ ကျေးရွာခံတွေက “နွေဦးတော်လှန်ရေး သူရဲကောင်း”ဆိုပြီး မှတ်တမ်းတင်ထားလျက်ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။