Browsing Category
သတင်း
3808 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ယနေ့ည နမ့်ခမ်းကို ကိုးကန့်နဲ့ပူးပေါင်းအဖွဲ့ ဝင်သိမ်းမယ်လို့ သတင်းထွက်နေ၊ နမ့်ခမ်းပြီးရင် နမ္မတူကို ဆက်လက်ထိုးစစ်ဆင်မယ်လို့ ဆို
ကိုးကန့်တပ်-MNDAAနဲ့ပူးပေါင်းအဖွဲ့ဟာ တအာင်းတပ်-TNLAထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို ယနေ့ မတ်လ ၁၆ရက်နေ့ညမှာ ဝင်ရောက်တိုက်ခိုက်သိမ်းယူဖို့ လုပ်ဆောင်ထားတယ်လို့ တိကျခိုင်မာတဲ့ သတင်းအရင်းမြစ်ထံ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
မိတ်ဖက်အချင်းချင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုလက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းကြဘဲ တွေ့ ဆုံဆွေးနွေးအဖြေရှာကြဖို့ SRA တောင်းဆို
ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကိုလက်နက်ကိုင်နည်းလမ်းနဲ့ မဖြေရှင်းကြဘဲ တွေ့ ဆုံဆွေးနွေးရေးနဲ့ အဖြေရှာကြဖို့ နွေဦးတော်လှန်ရေး မဟာတပ်ပေါင်းစု(SRA) က ထုတ်ပြန် တောင်းဆိုထားပါတယ်။
နမ့်ဖတ်ကာ နဲ့ ၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ်ရှိ တအာင်းကျေးရွာက ဒေသခံတွေကို MNDAA က ဓာတ်ပုံလာရိုက်ခိုင်း၊ ဓာတ်ပုံထဲပါမှသာ လမ်းမပေါ် ဖြတ်သန်းသွားလာခွင့်ပြုမယ်လို့ ဆို
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းမပေါ်ရှိ တအာင်းကျေးရွာက ရွာသူကြီးတွေကို MNDAA တပ်က အစည်းအဝေးခေါ်ပြီး ဒေသခံတွေကို ဓာတ်ပုံလာရိုက်ဖို့ ပြောဆိုသွားပြီး မှတ်တမ်းထဲပါမှာသာ ပြည်ထောင်စုလမ်းမပေါ် ဖြတ်သန်းသွားလာခွင့်ပြုပေးမယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အစိုးရသစ်လက်ထက် ပြည်ထောင်စုလမ်းမကြီး ပွင့်ဖို့အတွက် တရုတ်က ကိုးကန့်ကို လမ်းရှင်းလင်းခိုင်းထားခြင်းဖြစ်ပြီး လမ်းမပေါ်ရှိ KIAအပါအဝင် အခြားလက်နက်ကိုင်လည်း လမ်းမပေါ်ကနေ ဖယ်ပေးရမှာဖြစ်တယ်လို့ ဆို
လက်ရှိ ကိုးကန့်တပ်-MNDAAတပ်က တအာင်းတပ်-TNLAကို အကြီးအကျယ်ထိုးစစ်ဆင်ရခြင်းဟာ လက်ရှိ စစ်ကောင်စီဦးဆောင်နေတဲ့ စစ်အစိုးရသစ်လက်ထက်မှာ ပြည်ထောင်စုလမ်းမကြီးပွင့်ဖို့အတွက် တရုတ်အစိုးရက ကိုးကန့်တပ်ကို အသုံးချနေခြင်းဖြစ်တယ်လို့ ဒီအရေးကိုလေ့လာသုံးသပ်နေတဲ့ နိုင်ငံရေးသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မုံးကိုးမှာ TNLA ထံ တာဝန်ထမ်းဆောင်သူတွေရဲ့ စာရင်းကို ကိုးကန့်တပ် တောင်းခံနေ၊ ဖမ်းဆီးခံထားရတဲ့ တပ်သားတွေလည်း ရှိနေ
ကိုးကန့်တပ် MNDAA က ၎င်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့က တအာင်းရွာတွေကို အစည်းအဝေးခေါ်ယူပြီး ရွာထဲက တအာင်းတပ် TNLA ထံ တာဝန်ထမ်းဆောင်တဲ့ သူတွေရဲ့ စာရင်းတွေ တောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့ပြင်ရှိ တအာင်းကျေးရွာတွေကို ကိုးကန့်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး ရွာတွင်း ဝင်ရောက်စီးနင်းတိုက်ခိုက်နေ၊ ရွာခံတချို့ ဖမ်းဆီးရိုက်နှက်ခံရ၊ အများအပြားတိမ်းရှောင်နေရ
တအာင်းတပ် ထိန်းချုပ်ခဲ့တဲ့ ကွတ်ခိုင်မြို့ကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကိုးကန့်တပ် – MNDAA က ကွတ်ခိုင်မြို့အနီးရှိ လွယ်ဆိုင်နဲ့ ပန်ဆေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး ရွာခံတချို့ကို ဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခကနေ လူမျိုးရေးပဋိပက္ခ ဦးတည်တဲ့လုပ်ရက်ကို ချက်ချင်းရပ်ပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက် တောင်းဆို
စစ်ရေးပဋိပက္ခကနေ လူမျိုးရေးပဋိပက္ခ ဦးတည်တဲ့လုပ်ရက်တွေကို ချက်ချင်းရပ်ပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (TCSO) က ထုတ်ပြန်တောင်းဆိုထားပါတယ်။