ဓာတ်ပုံ- Google

ရဲမာန်၊ ဧပြီ ၅ ရက်၊ မြင်းခြံ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာက အရပ်သား ၂ ဦးကို စစ်ကောင်စီတပ် ပစ်သတ်သွားတဲ့အပြင် ဒရုန်းဗုံးနဲ့ပါ ကြဲချတိုက်ခိုက်ခဲ့လို့ စုစုပေါင်း အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက် မနက် ၇ နာရီမှာ ဆုံရွာကနေ ဖက်ပင်အိုင်ရွာဘက် အင်အား ၁၀၀ ပါ စစ်ကြောင်းနဲ့ သေနတ် ပစ်ဖောက်ကာ ဝင်‌ရောက်လာခဲ့ပြီး အရပ်သားတွေကို ဘုန်းကြီးကျောင်းမှာ စုခိုင်းစေခဲ့တယ်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ပျူနဲ စစ်ကောင်စီတပ်သားတွေက ဘုန်းကြီးကျောင်းထဲဝင်ပြီး ဘုန်းကြီးကို ရွာသားတွေကို ဘုန်းကြီးကျောင်းထဲ စုခိုင်းတာ။ တချို့က ရွာအပြင်သစ်ပင်တွေအောက်မှာ ပုန်းတဲ့သူက ပုန်း၊ ဘုန်းကြီးကျောင်းထဲ စုရတဲ့သူက စု။ ဘုန်းကြီး‌ကျောင်းထဲက ပျူက ရွာအပြင် ထွက်ချင်ထွက်လို့ရပြီပြောတယ်။ ရွာထဲ ရောက်နေတဲ့ ပျူက လိုက်ပစ်ကြတာ။ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့ ရွာအပြင် ထွက်ချိန် လိုက်အပစ်ခံရတာ။ ရွာအထွက်နဲ့ ကားလမ်းဘေး ရွာဆိုင်းဘုတ်ကြားမှာ ပစ်သတ်ခံရတာ။ နောက်တစ်ဦးက‌တော့ အမျိုးသမီးပါ။ ကားလမ်းလေး ရွာဆိုင်းဘုတ်နား ပစ်သတ်ခံရတာ”

အဆိုပါ အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့ပြီးနောက် ဒရုန်းဗုံး ၃၀ နဲ့ ထပ်မံ ကြဲချတိုက်ခိုက်တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ဒရုန်းဗုံး ထိလို့ သေဆုံးတဲ့လူထဲက ၂ ဦးက သားအမိတွေပါ။ မိခင် ဒရုန်းဗုံး ထိလို့ သားက အလောင်း သွားသယ်ချိန် ဒရုန်းနဲ့ ဗုံး ထပ်ချခံရတာပါ”

ဖက်ပင်အိုင်ရွာက အရပ်သား ၈ ဦး သေဆုံးခဲ့တဲ့အပြင် ဖက်ပင်အိုင်ရွာရှိ အိမ်ခြေ ၃၅၀ ထဲက အိမ်ခြေ ၃၀၀ ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။