Photo – SAC

မြတ်နိုး၊ စက်တင်ဘာ ၄ ရက်၊ ဗန်းမော်

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်းထဲ စစ်ကောင်စီရဲ့ စစ်ကူရေယာဉ်တွေ ရောက်လာပြီးတဲ့နောက် ဒီနေ့ စက်တင်ဘာလ ၄ ရက် မနက် အစောပိုင်းကစတင်ပြီး တိုက်ပွဲတွေအပြင်းအထန် ပြန်ဖြစ်နေကြောင်း ‌ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဒီမနက် ဗန်းမော်က စစ်‌ရေယာဉ်တွေ ကမ်းကပ်ထားတဲ့ နေရာမှာ မိုးမလင်းခင်ကတည်းက တိုက်ပွဲ အပြင်းအထန် ပြန်ဖြစ်နေတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဂျမ်မာတွေ အများကြီးထောင်ထားတဲ့ စစ်ရေယာဉ်တစ်စီးလည်း ထိထားတာ ကြားသိရကြောင်း သူက ပြောပါတယ်။

နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက “စကခ ၂၁ က စစ်ကောင်စီတွေလည်း ထွက်လာတယ်လို့ ပြောတယ်။ ဟိုနေရာ၊ ဒီနေရာ၊ နေရာအနှံ့က အင်အားတွေ ပြန်စုပြီး ပြင်းပြင်းထန်ထန် ချနေကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကူအင်အား ၆၀၀ ခန့် ဗန်းမော်ဘက် ဝင်ရောက်လာနိုင်တာရှိသလို ၅ မိုင်ဘက်မှာလည်း နှစ်ဖက်တပ်ဖွဲ့တွေ လှုပ်မရပဲ စစ်ဆိုင်ထားရတယ်လို့လည်း ဆိုပါတယ်။

ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လမ်းကြောင်းတလျှောက် KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရေယာဉ် ၂ စီး ကမ်းကပ်ကာ အလံဖြူထောင် လက်နက်ချရာမှာ စစ်ကောင်စီစစ်သည် အဆင့်ပေါင်းစုံ ၁၅၁ ဦး၊ ရဲ အဆင့်ပေါင်းစုံ ၁၇ ဦး၊ အမျိုးသမီး ၁၆ နဲ့ ကလေး ၆ ဦးစုစုပေါင်း ၁၉၀ ဦး သုံ့ပန်းအဖြစ် ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကဆီက သိရပါတယ်။

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ကစ မန္တလေးကနေ တိုက်ခိုက်ရေးသင်္ဘာ ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီး၊ တွဲတွန်းသင်္ဘော ၈ စီး စုစုပေါင်း ၁၄ စီး ဗန်းမော်ဘက် စစ်ကူ တက်လာတာဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့မှာ မနက်အစောပိုင်းမှာတော့ စစ်ကူ ရေယာဉ် တချို့ ဗန်းမော်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။