မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး မိုင်းကိုင်မြို့နယ်က တအာင်း အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရ၊ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ သားမိ၂ဦး နေရပ်ပြန်သွားနိုင်ခဲ့

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရှမ်းတောင် မိုင်းကိုင်မြို့နယ်က တအာင်းလူမျိုး အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရပြီး မလုပ်နိုင်တာကြောင့် မူဆယ်မြို့မှာ ၁ လကျော်ကြာ အလုပ်အကိုင်မရှိဘဲ နေထိုင်ခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတဆင့် လုပ်ကိုင်သူတွေ ရောင်းစားခံရတာနဲ့ လိင်လုပ်သား အဓမ္မစေခိုင်းနေရတာကြောင့် သတိထားကြဖို့ လူမှုကူညီရေးအသင်းတွေ တိုက်တွန်း

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတဆင့် လာရောက်အလုပ်လုပ်ကိုင်သူတွေ မကြာခဏ လိမ်လည်ခံနေရပြီး သတိထားကြဖို့ တိုက်တွန်းလိုကြောင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

၁၀ နှစ်ကြာ တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို နေရပ်မပြန်နိုင်အောင် အမျိုးသားဖြစ်သူက ခြေဖနောက် လှီးဖြတ်ထား

တရုတ်နိုင်ငံမှာ ၁၀ နှစ်ကြာ တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒေသခံအမျိုးသမီးတစ်ဦးကို နေရပ်မပြန်နိုင်အောင် အမျိုးသားဖြစ်သူက ခြေဖနောက် လှီးဖြတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး တရုတ်ယွမ် ၈ သောင်းနဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးနေ

ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်လန်ကျေးရွာက အသက် ၁၈ နှစ်အရွယ်ရှိတဲ့ မဥက္ကာမွန်ဆိုသူ အမျိုးသမီးတစ်ဦးဟာ တရုတ်ပြည်မှာ ယွမ် ၈ သောင်း (ငွေကျပ် သိန်း ၄၀၀ ကျော်)နဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက ‌သိရပါတယ်။

အမျိုးသမီး ၈ ဦးကို တရုတ်နိုင်ငံသို့ လူကုန်ကူးဖို့ ပြင်ဆင်တဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ညီနောင်မဟာမိတ်အဖွဲ့က ကျင်စန်းကျော့မှာ အချိန်မီ ဖမ်းဆီးနိုင်ခဲ့

ညီနောင်မဟာမိတ်(၃) ဖွဲ့ ပူပေါင်းထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့မှာ အမျိုးသမီး ၈ ဦးကို တရုတ်နိုင်ငံဘက်သို့ လူကုန်ကူးဖို့ ပြင်ဆင်တဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦးကို ညီနောင်မဟာမိတ် အုပ်ချုပ်ရေး ကော်မတီရုံးအဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစဦးရဲ့ ပြောပြချက်အရ သိရပါတယ်။