ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၅ ရက်၊ နောင်ချို

‎ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက ကြံခြံတွေမှာ မြေမြှုပ်မိုင်း ရှိနေသေးတာကြောင့် ခြံပိုင်ရှင်အများစုက ကြံတွေကို မခုတ်ရဲကြဘဲ ပစ်ထားရတယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎နောင်ချိုမြို့နယ် တောင်ရှည်အုပ်စုက ရွာတွေအပြင် နောင်တောနဲ့ တောင်းခမ်း စတဲ့ကျေးရွာတွေမှာ တိုက်ပွဲကြောင့် စစ်လက်နက်အကြွင်းအကျန်ဖြစ်တဲ့ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းကို ဒေသခံတွေ မကြာခဏ နင်းမိသလို မပေါက်ကွဲသေးတဲ့ လက်နက်ကြီးလည်း ကြံခြံအနီးမှာ တွေ့ရှိထားပေမဲ့ သက်ဆိုင်ရာက ရှင်းလင်းဖယ်ရှားပေးတာ မရှိပါဘူး။

‎‎ဒေသခံ ခြံရှင်အမျိုးသမီးက “ခြံ ၁၀၀ လောက်မှာ ခြံ ၈၀ က မခုတ်တော့ဘူး။ တချို့ခြံရှင်က မီး အရင်ရှို့ပြီးတော့ ခုတ်ကြတယ်။ ကျမတို့က ပစ်ထားတယ်။ အများစုက အရှုံးပေါ်ကြတယ်” လို့ ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့ ဒေသခံတွေက သက်ဆိုင်ရာကို တောင်းဆိုထားပေမဲ့ နေရာအနည်းအကျဉ်းသာ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သူမက ဆိုပါတယ်။

‎ဒါ့အပြင် နောင်ချိုဒေသခံတွေ မကြာခဏ မြေမြှုပ်မိုင်း နင်းမိနေတာကြောင့် သက်ဆိုင်ရာအနေနဲ့ မိုင်း ရှင်းပေးဖို့ တောင်းဆိုထားပေမဲ့ လာရောက် ရှင်းလင်းပေးတာ မရှိသေးကြောင်း နောက်ထပ် ဒေသခံအမျိုးသားက ပြောပါတယ်။

‎”မိုင်း၊ ဗုံးသီးနဲ့ လက်နက်ကြီးတွေက မှိုလို ပေါက်နေတာ။ ဘယ်နေရာမှ ခြေမနင်းရဲဘူး။ အလုပ်ဘယ်လိုလုပ်စားကြမလဲ”

‎ဒါ့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြေမြှုပ်မိုင်းတွေ လာရောက် ရှင်းလင်းပေးစေချင်သလို ကြံတွေလည်း အမြန်ဆုံး ခုတ်ယူချင်ကြောင်း အထက်ပါ အမျိုးသားက ပြောဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။