ဓာတ်ပုံ – စစ်ကောင်စီ

ရွှေဖီမြေ၊ ဧပြီ ၆ ရက်

ရှမ်းမြောက် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသကနေ အာရက္ခတပ်တော် – AA ထံ ပို့ဆောင်မယ့် ၁၁.၇ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်မှာ မကွေးတိုင်း နတ်မောက်မြို့နယ် ရွာတော် စီစစ်ရေးဂိတ်နဲ့ စိုင်းကောင်းကျေးရွာအနီးမှာ ကား ၂ စီးနဲ့ တင်ဆောင်လာတဲ့ မူးယစ်ဆေးဝါးအိတ် ၃၉ အိတ်ထဲမှာ စိတ်ကြွဆေးပြား ၇၈ သိန်း သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးတရားခံ ၃ ဦးရဲ့ ထွက်ဆိုချက်အရ အဲဒီ မူးယစ်ဆေးဝါးတွေကို ဝမ်ဟိုင်းဒေသကနေ ရမည်းသင်း – ပျော်ဘွယ် – နတ်မောက် – မကွေး လမ်းကြောင်းကနေတစ်ဆင့် ပဒန်းမြို့နယ်ကို ပို့ဆောင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပဒန်းမြို့နယ်ကနေတစ်ဆင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ မြို့နယ်မှူးအဆင့်ရှိ AA ရဲ့ ခေါင်းဆောင်ဆီကို ပို့ဆောင်မှာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

စစ်ကောင်စီတပ်ဘက်က AA ရဲ့ မူးယစ်ဆေးဝါးတွေကို မကြာခဏ ဖမ်းဆီးရမိကြောင်း ထုတ်ပြန်နေပြီး AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုကတော့ စစ်ကောင်စီတပ်ဟာ နိုင်ငံရေးဂုဏ်သိက္ခာကျအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ မီဒီယာတွေမှာ ပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။