ဓာတ်ပုံ – ယောအလင်းတန်း

ရွှေဖီမြေ၊ ဧပြီ ၆ ရက်၊ ဆော

မကွေးတိုင်း ဆောမြို့ မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်တစ်ခုရဲ့ တရားရုံးက ဧပြီ ၂ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ရတနာရပ်ကွက်နေ အသက်၁၃ နှစ်အရွယ်ရှိ အမျိုးသမီးငယ်ကို မိသားစုဝင်တွေနဲ့ အကျွမ်းတဝင်ရှိတဲ့ မင်းမင်းစိုးကခေါ်ဆောင်သွားပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၅ ရက်အရောက်မှာတော့ ဆောမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ယာတစ်ခုရဲ့ အခန်းတွင်းတစ်နေရာမှာ ပုတ်ပွနေသော အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းအား တွေ့ရှိခဲ့ပြီး ၎င်းအလောင်းမှာ တရားခံ မင်းမင်းစိုး ခေါ်ဆောင်သွားတဲ့ အသက် ၁၃ နှစ်အရွယ်အမျိုးသမီး ရုပ်အလောင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပြီးနောက် တရားခံဖြစ်သူ မင်းမင်းစိုးအား ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တရားခံ မင်းမင်းစိုးကို ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ဖမ်းဆီးခေါ်ဆောင်သွားပြီး‌နောက် တရားဥပဒေအတိုင်းအရေးယူဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ် တရားရုံးမှ သက်ငယ်မုဒိမ်းမှုကျူးလွန်ကာ လူသတ်အလောင်းဖျောက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂၊၂၀၁ တို့နဲ့ ၅ လကျော်ကြာ ကြားနာစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၅ လကျော်ကြာ ရုံးထုတ်စစ်ဆေးပြီးနောက် တရားခံ မင်းမင်းစိုးကလည်း ၎င်းကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တာ‌ကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂၊၂၀၁ တို့နဲ့ စွဲချက်တင်ကာ ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့ မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်တရားရုံးမှ အသက် ၂၁ နှစ်အရွယ်ရှိ မင်းမင်းစိုးကို ရာဇသတ်ကြီးဥပဒေ ၃၀၂(၁)(ဂ)အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ၂၆ ရက်ကလည်း ဆောမြို့ရှိ အရပ်သား လူထုတွေ စုဝေးပြီး သက်ငယ်မုဒိန်း၊ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို သေဒဏ်ချမှတ်ပေးရန် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။