ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်တယ်ဆိုပြီး စစ်ကောင်စီတပ် ဖမ်းဆီးထားသူ ၃၅၀ နီးပါးအထိ ရှိလာ
စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲကို ပျက်ပြားအောင် လုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးခံရသူ ၃၅၀ နီးပါး ရှိလာပြီလို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားခဲ့ကြောင်း မနေ့ ဇန်နဝါရီ ၆ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။