ဓာတ်ပုံ- CJ

မိုင်းရူပ၊ ဧပြီ ၉ ရက်၊ လားရှိုး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဆိုင်ကယ်အရောင်းအဝယ် လုပ်နေတဲ့ လူငယ်နှစ်ဦးကို သူခိုးလို့ စွပ်စွဲပြီး စစ်ကောင်စီရဲ့ လက်အောက်ခံရဲက သတိလစ်တဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဧပြီ ၈ ရက် ညနေပိုင်းမှာ လားရှိုးမြို့ ရပ်ကွက်(၇)မှာ ဆိုင်ကယ်အရောင်းအဝယ်လုပ်နေတဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနှစ်ဦးကို လားရှိုး အမှတ်(၁) ရဲစခန်းက လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ညလုံး ရိုက်နှက်ခဲ့တယ်လို့ ဖြစ်စဉ်ကိုသိရှိသူ လားရှိုးမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူခိုးက သူတို့ဆိုင်မှာ ဆိုင်ကယ် လာရောင်းတာ။ သူခိုးမှန်း မသိဘူးလေ။ ဝယ်လိုက်တော့ ရဲတွေ လိုက်လာတာ။ တစ်ယောက်ဆို တစ်ညလုံး ရိုက်ခံရတာ။ နောက်ကျောက ညိုမဲနေတာပဲ။ သတိပါ လစ်သွားတာ”

ဒီနေ့ ဧပြီ ၉ ရက် မနက်ပိုင်းမှာတော့ ဆိုင်ကယ်သူခိုးကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်က ဖမ်းဆီးရမိခဲ့တာကြောင့် အဲဒီလူငယ်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ ၎င်းက ဆက်ပြောပြပါတယ်။

စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် ရိုက်နှက်တဲ့ဒဏ်ရာကြောင့် သူခိုးလို့ စွပ်စွဲခံရတဲ့ လူငယ် ၂ ဦးဟာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပိုများလာတဲ့အပြင် ခိုးမှု၊ ဓားပြ၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။