ဓာတ်ပုံ- Local

ရွှေဖီမြေ၊ ဧပြီ ၁၂ ရက်၊ လားရှိုး

‎ရှမ်းမြောက် လားရှိုးမြို့နယ်ထဲ ခရီးသည်တင်ကားတစ်စီး အရှိန်မထိန်းနိုင်တာကြောင့် တိမ်းမှောက်ပြီး ခရီးသည် ၄ ဦး သေဆုံးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဧပြီ ၁၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်က လားရှိုးမြို့နယ် ခေးနင်းရွာ ရပ်ကွက် ၃ မှာ ခရီးသည် ၁၂ ဦး တင်လာပြီး လားရှိုး-မန္တလေး ပြေးဆွဲတဲ့ ခရီးသည်ကားတစ်စီး တိမ်းမှောက်ခဲ့တာပဲ ဖြစ်ပါတယ်။

‎ဖြစ်စဉ်မြင်ခဲ့ရသူ အမျိုးသားက “ကြည့်ရတာတော့ အရှိန်နဲ့ မောင်းလို့ဖြစ်မယ်။ ဘရိတ် ပေါက်တာလား၊ ဘီးပေါက်တာလား သေချာတော့ မသိဘူး။ အဲဒါကြောင့် မှောက်တာ” လို့ ပြောပါတယ်။

‎သတင်းရေးသားနေချိန် ဒီနေ့မနက်အထိ သေဆုံးသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးရှိပြီး ဒဏ်ရာရသူ ၈ ဦးကိုတော့ လားရှိုးပြည်သူ့ဆေးရုံသို့ ‌ပို့ဆောင်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

‎အလားတူ မနေ့မနက် ၁၀ နာရီဝန်းကျင်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီးမှာ မန္တလေး-မူဆယ်သို့ ပြေးဆွဲနေတဲ့ ခရီးသည်ကားတစ်စီး ချောက်ထဲကျလို့ ခရီးသည် ၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။