ရွှေဖီမြေ၊ ဧပြီ ၁၁ ရက်၊ မိုင်းလုံ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းလုံမြို့ထဲ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦးနဲ့အတူ မူးယစ်ဆေးဝါးတွေကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဧပြီ ၅ ရက် ည ၉ နာရီမှာ မိုင်းလုံမြို့နယ် တအာင်းရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေစဉ် အသက် ၂၉ နှစ်အရွယ် ကိုဇာနည်ဆီကနေ ဘိန်းဖြူ ဆပ်ပြာခွက် ၃၈၆ ခွက်နဲ့ အခြားသက်သေခံပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့အကြောင်း တအာင်းတပ်က မနေ့ ဧပြီ ၁ဝ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မတ်လ ၇ ရက် မနက် ၄ နာရီခွဲကလည်း မိုင်းလုံမြို့ တောင်နီအုပ်စု နှာမျောရွာမှာ သွားရောက်စစ်ဆေးရာ ၅၈ နှစ်အရွယ် ဒေါ်ခင်ကြည်ဆီကနေ ဘိန်းဖြူ ဆပ်ပြာခွက် ၁၄၂ ခွက်၊ အဝါရောင် ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ ယာမဆေးပြား ၁ ထုပ်နဲ့ အခြား သက်သေခံပစ္စည်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေး ရောင်းဝယ်သူ ၂ ဦးကို တအာင်းတပ်မတော်ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။