ရွှေဖီမြေ၊ ဧပြီ ၁၀ ရက်
တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့က ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ အာရက္ခတပ်တော်- AA တည်ထောင်ခြင်း ၁၇ နှစ်ပြည့်နေ့ကို ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အာရက္ခတပ်တော်ကို လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက် ကချင်တပ်- KIA ထိန်းချုပ်နယ်မြေမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီနေ့ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်မှာတော့ တည်ထောင်ခြင်း ၁၇ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
နေ့ထူးနေ့မြတ်မှစပြီး အာရက္ခတပ်တော်နဲ့ ရက္ခိုင့်ပြည်သူအားလုံး ဘေးအန္တရယ်အဖြာဖြာ ကင်းဝေးပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ရက္ခိုင်ပြည် မျှော်မှန်းချက်တွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့ TNLA နဲ့ MNDAA တို့က ဆုတောင်းအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် “ရည်မှန်းချက်တူလျှင် မဟာမိတ်တည်”ဆိုတဲ့ ဆိုရိုးစကားအတိုင်း လာမယ့် အနာဂတ်မှာလည်း မိမိတို့ဟာ ညီနောင်မဟာမိတ်ပီပီ ချစ်ကြည်ရင်းနှီးမှု မပျက်ဘဲ အချင်းချင်း ဖေးမတွဲကူပြီး တော်လှန်ရေး မျှော်မှန်းချက် ရောက်တဲ့အထိ အတူတကွ ကြိုးပမ်းသွားမယ်လို့ ကတိသစ္စာ ပြုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။