ရွှေဖီမြေ၊ ဧပြီ ၁၁ ရက်၊ လိုင်ဇာ
ကချင်တပ်မတော်- KIO/KIA ရဲ့ ဌာနချုပ် ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ရဲဘော်နဲ့ ဝန်ထမ်းအတွဲ ၆၀ ကို စုပေါင်းမင်္ဂလာဆောင်ပွဲ မနေ့ ဧပြီ ၁၀ ရက်က ကျင်းပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
KIO က တာဝန်ယူပြီး လိုင်ဇာ ပတ်ဝန်းကျင်မှာရှိတဲ့ KIO/KIA ဝန်ထမ်းနဲ့ရဲဘော် အတွဲ ၆၀ ကို လက်ထပ်ထိမ်းမြားပေးခဲ့ကြောင်း KIO/KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုခဲ့ကြောင်း မြစ်ကြီးနား သတင်းဌာနမှာ ရေးသားထားပါတယ်။
ဂျာထူကောင်ရွာ ကက်သလစ်ဘုရားကျောင်းမှာ အတွဲ ၁၀ တွဲ၊ လိုင်ဇာမြို့ အထက်တန်းကျောင်းဆောင်မှာ ၄၆ တွဲနဲ့ အစိုးရတရားရုံးမှာ ၄ တွဲ စုစုပေါင်း အတွဲ ၆၀ မင်္ဂလာ ကတိကဝတ် ပြုကြတာလို့ ကချင်သတင်းတွေ ရေးသားဖော်ပြတဲ့ EEDY သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရကြောင်း ဆက်လက် ရေးသားထားပါတယ်။
အထက်ပါ သတင်းဌာနရဲ့ ထပ်မံ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ၄၆ တွဲ၊ ၂၀၂၀ ခုနှစ်မှာ ၇၇ တွဲနဲ့ ဒီနှစ် ၂၀၂၆ မှာ ၆၀ တွဲ စုစုပေါင်း ၁၈၃ တွဲ ရှိပြီလို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။