The Latest
ကျိုင်းတုံမှာ အမျိုးသား ၄ ဦးက ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးနဲ့အမေကို သေနတ်နဲ့ ပစ်သတ်ပြီး ရွှေ ၃ ပိဿာ ယူဆောင်သွား
ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ အမျိုးသား ၄ ဦးက ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးနဲ့သူ့အမေကို ဓားပြတိုက်ပြီး သေနတ်နဲ့ ပစ်သတ်သွားခဲ့တယ်လို့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းက ရွှေဖီမြေကို ပြောပါတယ်။
တီးတိန် မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဆေးရုံအုပ်အပါအဝင် ဆရာဝန်တွေ ကြိုတင် တိမ်းရှောင်ကြလို့ လူနာတွေ အခက်တွေ့
ချင်းပြည်နယ် တီးတိန်မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဆေးရုံအုပ်အပါအဝင် ဆရာဝန်တွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် လူနာတွေဟာ ဆေးကုသဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ကွတ်ခိုင်နယ် မုံးစီး၊မုံးဟွမ်က TNLA တပ်ဖွဲ့တွေကို MNDAA ထံ စစ်မှုထမ်းဖို့ ဖိအားပေးနေပြီး စစ်မူမထမ်းပါက မိသားစုလိုက် TNLA ထိန်းချုပ်နယ်မြေကို ရှောင်ကြဖို့ ပြောဆိုထား
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာနဲ့ မုံးဟွမ်ကျေးရွာမှာ နေထိုင်ကြတဲ့ တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တွေကို ကိုးကန့်တပ် MNDAA ထံ စစ်မှုထမ်းဖို့ MNDAA ဘက်က ဖိအားပေးနေတာတွေပြုလုပ်နေတယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဘီးလင်းမှာ စစ်ဘေးရှောင်တွေလိုက်ပါလာတဲ့ ကားကို စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် သားအမိ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ဘီးလင်းမြို့နယ်မှာ စစ်ရှောင်တွေ လိုက်ပါလာတဲ့ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် သားအမိ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။