ဓာတ်ပုံ- Local

အလင်း၊ မေလ ၁၄ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့သိမ်းတိုက်ပွဲ သတင်းကြောင့် ဆေးရုံအုပ်အပါအဝင် ဆရာဝန်တွေ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် လူနာတွေဟာ ဆေးကုသဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကုတင် ၁၀၀ ဆံ့ တီးတိန်မြို့ဆေးရုံရှိ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေဟာ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်ကစပြီး နယ်စပ်ဘက် ကြိုတင်တိမ်းရှောင်ကြတာပဲ ဖြစ်ပါတယ်။

“ဆေးရုံမှာ ဆရာဝန်တွေ မရှိတော့ဘူး။ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မယ်ဆိုပြီး သတင်းတွေ ထွက်လာပြီးနောက်ပိုင်း နယ်စပ်ဘက်ကို အကုန်ထွက်ပြေးနေကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေပါမကျန် နယ်စပ်ဘက်ကို အားလုံးသွားကြကုန်တာလေ” လို့ တီးတိန်မြို့ခံတစ်ဦးက ပြောပါတယ်။

လက်ရှိ တီးတိန်ဆေးရုံမှာ ကုသမှု ခံယူနေကြတဲ့ လူနာတွေဟာ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ မရှိတာကြောင့် ဆေးကုသဖို့ အခက်တွေ့နေကြရပါတယ်။

“ဆေးရုံမှာ လူနာတွေပဲ ကျန်ခဲ့တယ်။ လူနာတွေ များတယ်။ ကျန်းမာရေးဝန်ထမ်းတွေ မရှိဘူး ဖြစ်နေတယ်။ ကလေးဘက် ဆေး သွားကုဖို့ဆိုလည်း ကုန်ကျစရိတ် များတယ်။ နယ်စပ်ဘက်လည်း သွားမကုနိုင်ဘူး” လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တီးတိန်မှာ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ဌာနဆိုင်ရာဝန်ထမ်းအပါအဝင် မြို့ခံ ထက်ဝက်ကျော်ဟာ မြန်မာ-အိန္ဒိယနယ်စပ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက် ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

လက်ရှိ တီးတိန်မြို့မှာ တိုက်ပွဲ မရှိပေမဲ့ ကလေးမြို့ကနေ စစ်တပ်က အင်အား ၆၀၀ ခန့် ထပ်မံ ဝင်ရောက်လာပြီး မြို့ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခြေရှုပ်နေကြသလို မြို့တွင်း လမ်းတွေမှာလည်း လူသူကင်းမဲ့နေတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။