ဖားကန့်မှာ ၉ တန်းကျောင်းသူတစ်ဦးက စုဆောင်းရေးထဲပါသွားပြီး ဒဏ်ရာတွေနဲ့ ပြန်လည်ထွက်ပြေးလွတ်မြောက်လာ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူရွာမှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက် နေ့လည် ၂ နာရီခန့်က အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦး သူငယ်ချင်းဆီ သွားရာက စုဆောင်းရေးထဲ ခေါ်ဆောင်သွားခံရပြီး ဒဏ်ရာတွေနဲ့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာတယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ကြူကုတ်ပန်ဆိုင်းမှာ MNDAA က တစ်အိမ်တစ်ယောက် စစ်မှုထမ်း ခေါ်ယူနေပြီး စစ်မှုမထမ်းတဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ဆို

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့မှာ ကိုးကန့်တပ်- MNDAA က စစ်မှုထမ်း ခေါ်ယူနေပြီး စစ်မှုမထမ်းတဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ပြောဆိုထားကြောင်း မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်နယ် မုံးစီး၊မုံးဟွမ်က TNLA တပ်ဖွဲ့တွေကို MNDAA ထံ စစ်မှုထမ်းဖို့ ဖိအားပေးနေပြီး စစ်မူမထမ်းပါက မိသားစုလိုက် TNLA ထိန်းချုပ်နယ်မြေကို ရှောင်ကြဖို့ ပြောဆိုထား

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာနဲ့ မုံးဟွမ်ကျေးရွာမှာ နေထိုင်ကြတဲ့ တအာင်းတပ် TNLA တပ်ဖွဲ့ဝင်တွေကို ကိုးကန့်တပ် MNDAA ထံ စစ်မှုထမ်းဖို့ MNDAA ဘက်က ဖိအားပေးနေတာတွေပြုလုပ်နေတယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ထဲမှာ စစ်မှုထမ်းကြေးတွေ ကောက်ခံနေပြီး လာမယ့်လတွေမှာ စစ်မှုထမ်းဖို့အတွက် လူအစားထိုး သွားလို့မရတော့ဘူးလို့ ဆို

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ လာမယ့်လတွေအတွင်း စစ်မှုထမ်းဖို့အတွက် လူအစားထိုး သွားလို့ရမှာ မဟုတ်တော့တာကြောင့် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။