ဓာတ်ပုံ – KNU

ရွှေဖီမြေ၊ မေလ ၁၃ ရက်၊ ဘီလင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ဘီးလင်းမြို့နယ်မှာ စစ်ရှောင်တွေ လိုက်ပါလာတဲ့ကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် သားအမိ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၉ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ လေးကေကျေးရွာက ယာဉ်မောင်းတစ်ဦးနဲ့ စစ်ဘေးရှောင် ၇ ဦး လိုက်ပါစီးနင်းလာတဲ့ကားကို စစ်တပ် စစ်ကူစစ်ကြောင်းက လေးကေတောင်ဂူဝဘုရားလေးလမ်းမှာ ရပ်တန့်ခိုင်းပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် လေးကေကျေးရွာက အသက် ၆၄ နှစ်အရွယ် နော်ဖိုးပီနား (ခ) နော်ဖောအဲ့ နဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် နော်ပန်းအိဖြူ တို့ သေနတ်ထိမှန် သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်ကလေး ၁ ဦးနဲ့ အရပ်သား ၁ ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့တာကြောင့် ကုသမှု ခံယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကားပေါ်လိုက်ပါလာတဲ့ ဒေသခံ ၄ ဦးကိုလည်း စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေလ ၁၀ ရက်မှာ ယာဉ်မောင်းနဲ့အရပ်သား ၂ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေလ ၇ ရက်ကလည်း စစ်တပ်ဟာ လယ်ဒိုမြို့နယ် သံဆိပ်ကနေ လက်ကောက်ဝရွာထဲ ၈၁ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် နော်ရင်ကြည်၊ ၂၅ နှစ်အရွယ် နော်စိုးမိုးနဲ့ အသက် ၄၂ နှစ်အရွယ် စောမောင်လှတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ပြီးခဲ့တဲ့ မေလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။