သုတ၊ မေလ ၁၄ ရက်၊ မူဆယ်

ရှမ်းမြောက် မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး တက်လာတဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့ မိသားစုဝင်က အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ လိုက်ပါကူညီပေးတဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။

အသက် ၁၇ နှစ်အရွယ် မခင်သီတာဆန်းဆိုသူဟာ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ရာကနေ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ အထည်ချုပ်စက်ရုံမှာ လစာ ကောင်းကောင်းနဲ့ အလုပ်ရမယ်ဆိုပြီး မေလ ဒုတိယအပတ်ထဲ မူဆယ်မြို့ဘက် ရောက်ရှိလာတာ ဖြစ်ပါတယ်။

မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက “ကလေးမလေးက ရန်ကုန် အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်တာ။ ၅ ရက်နေ့က လစာ ထုတ်ပြီး သူ့အမေကို ပေးတာ။ မူဆယ်ရောက်မှ သူ့အမေဆီ မူဆယ် ရောက်ကြောင်း ပြောတာ။ မူဆယ်မှာ တစ်လ ၁၀ သိန်း ရမယ်ပေါ့။ အဲဒီနောက်ပိုင်း အဆက်အသွယ် ပြတ်သွားတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

မခင်သီတာဆန်းဟာ ဧရာဝတီတိုင်း လပတ္တာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ၎င်းကို တွေ့ရှိတဲ့သူတွေအနေနဲ့ မိသားစုရဲ့ ဖုန်းနံပါတ် 09-424 070 251 ကို ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။

မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာကြောင့် အလွယ်တကူ မယုံကြည်ကြဖို့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းသတိပေးထားကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်မှာလည်း မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရှမ်းတောင် မိုင်းကိုင်မြို့နယ်က တအာင်းလူမျိုး အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရရာကနေ လွတ်မြောက်လာခဲ့ပြီး လူမှုကူညီရေးအသင်းတွေရဲ့ အကူအညီနဲ့ နေရပ်သို့ ပြန်နိုင်ခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။