ဓာတ်ပုံ- Local

ဆုမွန်၊ မေလ ၁၄ ရက်၊ နောင်ချို

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့မှာ မိုင်းကို ပေါက်မိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံအမျိုးသားတစ်ဦး လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ မိသားစုဝင်ဆီက သိရပါတယ်။

နောင်ချိုမြို့ ပါဟတ်ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် ထက်ကိုအောင်ဆိုသူဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်က ၎င်းရဲ့နေအိမ်မှာ ထင်းခွဲရာကနေ မိုင်းပေါက်မိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

“သူ‌ပုဆိန်နဲ့ ထင်း‌ခွဲတာ။ ထင်းတုံးအောက်မှာ မိုင်း ရှိနေတာ ကျနော်တို့လည်း မသိဘူး။ စစ်ဖြစ်တဲ့အချိန်ကတည်းက ကျနော်တို့လည်း ပြေးနေရတာဆိုတော့ အိမ်မှာ မရှိဘူးလေ။ ထင်းတုံး ချတဲ့အချိန်မှာ‌တော့ အဲမိုင်း မပေါက်ကွဲဘူး။ ပုဆိန်နဲ့ ခွဲတဲ့အချိန်မှ ပေါက်ကွဲမှုဖြစ်တာ။ သူ့လက်နှစ်ဖက် ထိတယ်။ တစ်ဖက်ကိုတော့ ဖြတ်လိုက်ရတယ်။ ခြေထောက်လည်း ထိသွားတယ်” လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မိုင်း ပေါက်ကွဲမှုကြောင့် လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ ထက်ကိုအောင်ဟာ လက်ရှိမှာတော့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်ကလည်း နောင်ချိုမြို့နယ် ညောင်တောကျေးရွာအုပ်စု ယာပြင်ရွာ‌နေ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ၎င်းတို့ အိမ်ခြံအတွင်း သန့်ရှင်းရေး လုပ်ရာကနေ မိုင်းပေါက်မိပြီး ပေါက်ကွဲခဲ့ဖူးပါတယ်။

ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦးက ဒဏ်ရာ ရရှိခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။