ဓာတ်ပုံ – CJ

အလင်း၊ မေလ ၁၃ ရက်၊ မင်းတပ်

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မင်းတပ်မြို့ကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်းအပါအဝင် ၄ ဦးသေဆုံးကာ နေအိမ်၊ အဆောက်အဦးများစွာ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မင်းတပ်မြို့ကို စစ်ကောင်စီတပ်က မေလ ၁၁ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ်မှစတင်၍ တံတားဦး လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အလားတူ မနေ့ မေလ ၁၂ ရက်၊ မနက် ၈ နာရီမှာ နှစ်ကြိမ်၊ မနက် ၁၁ နာရီမှာ နှစ်ကြိမ်၊ ညနေ ၆ နာရီ ၃၀ မိနစ်မှာလည်း ၅ ကြိမ် တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်သုံ့ပန်းအပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

“ဗုံးကြဲတာက နှစ်ရက်ဆက်တိုက် ပြုလုပ်သွားတာပါ။ အဆောက်အဦးတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။ အဆောက်အဦးတွေထဲမှာ စစ်သုံ့ပန်းတွေ ရှိပုံရတယ်။ အဲလေကြောင်းတိုက်ခိုက်ခံရတဲ့ထဲမှာ စစ်သုံ့ပန်းတွေ သေဆုံးတယ်လို့ ကြားရတယ်။” လို့ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် လေကြောင်း ဗုံးကြဲတိုက်မှုကြောင့် မင်းတပ်မြို့ရှိ အရပ်သား လူနေအိမ် ၁၅ လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အအုံ ၁၀ ခု၊ အရပ်သားပိုင် ကားအပါအဝင် မော်တော်ယာဉ် ၄ စီးတို့လည်း ဗုံးထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“မြို့ထဲက ဌာနဆိုင်ရာ ရုံးအဆောက်အဦးတွေကို ဗုံးကြဲတယ်။ အဆောက်အဦးတွေအပြင် အနီးအနားမှာရှိတဲ့ အရပ်သားတွေ နေအိမ်တွေလည်း ဗုံးစထိမှန် ပျက်စီးသွားတယ်။ အိမ်မှာ ရပ်ထားတဲ့ အိမ်စီးကားတွေလည်း ပါတယ်။” လို့ အထက်ပါ မင်းတပ်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းရန်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကြောင့် ပြည်သူများအနေနဲ့ လူစုလူဝေးပြုလုပ်တာကို ရှောင်ကြဉ်ဖို့နဲ့ နေအိမ်တွေမှာ ဗုံးခိုကျင်းတွေ အဆင်သင့်ပြင်ဆင်ထားရှိကြဖို့ ချင်းပြည်သူ့အစည်းအရုံး၊ ချင်းပြည်သူ့တပ်မတော် (CPU/CPA) က မနေ့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကင်းထောက်ဒရုန်းနဲ့ လေကြောင်းသတင်းတွေကို အမြဲမပြတ် နားစွင့်ပြီး အထူးသတိပြု နေထိုင်ကြဖို့ CUP/CPA က အသိပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။