မူဆယ်မှာ ကျားဖြန်လုပ်ကိုင်သူ ၅၉ ဦးကို စစ်တပ် ထပ်မံဖမ်းဆီး

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန်လုပ်ကိုင်သူ ၅၉ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က မနေ့ ဇွန်လ ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရွှေကူမြို့မှာ လက်နက်ကြီးကျလို့ အရပ်သား တစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်မှာ မနေ့ ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျလို့ အရပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။

မြင်းခြံခရိုင်မှာရှိတဲ့ PLA ရဲ့ တပ်စခန်းတွေကို NUG ဖိအားပေး၊ နှစ်ဖက်တပ် စစ်ရေးဆက်လက်တင်းမာနေ

မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA ရဲ့ တပ်စခန်းတွေကို ဆုတ်ခွာပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG လက်အောက်ခံတပ်တွေက ဖိအားပေးနေတယ်လို့ PLA က ဒီနေ့ ဇွန်လ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖားကန့်မြို့ အေးမြသာယာရပ်ကွက် မြေပြိုမှုကြောင့် ပျောက်ဆုံးခဲ့တဲ့ အမျိုးသား ၁ဦး သေဆုံးလျက် ပြန်တွေ့

ကချင်ပြည်နယ် ဖားကန့်မြို့ အေးမြသာယာရပ်ကွက်မှာ မနေ့က ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ အမျိုးသား ၁ဦးကို ဒီနေ့ ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ သေဆုံးလျက် ပြန်လည်တွေ့ရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရှမ်းတောင်မှာ စလော့ဂိမ်းဆော့တဲ့ လူငယ်အချို့ကို စစ်ကောင်စီဖမ်းဆီးလာ

အွန်လိုင်းလောင်းကစားဖြစ်တဲ့ စလော့ဂိမ်းဆော့တဲ့သူတွေကို စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံရဲတွေက ဖမ်းဆီးမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

စလော့ဂိမ်းဆော့ဖို့ ငွေလိုအပ်လို့ သေနတ်အတုနဲ့ ဓားပြတိုက်ခဲ့တဲ့ ရွာငံက အမျိုးသားတစ်ဦးကို ဓနုတပ်(၁၀၀၃)တပ်ရင်းက ဖမ်းဆီး

ရှမ်းတောင် ရွာငံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့နာမည်ကို အသုံးပြုပြီး ဓားပြတိုက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် – (၁၀၀၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်သတင်းသမား ၃၃ ဦးက အာရက္ခမီဒီယာကောင်စီ (APC)ကို ဖွဲ့စည်း

ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ လွတ်လပ်တဲ့ ရခိုင်သတင်းသမား ၃၃ ဦးက အာရက္ခမီဒီယာကောင်စီ (Arakha Press Council – APC) ကို ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

ကျိုက်ထိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ကရင်ပြည်နယ် ဒူးသထူခရိုင် ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ဘက်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်‌ ဒေသခံ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့လို့ ဒီနေ့ဇွန်လ ၂၁ ရက်မှာ KNU က သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ ရပ်ကွက်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်ကောင်စီနဲ့ နီးစပ်သူတွေ အများစု ဝင်ပြိုင်

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က ရပ်ကွက်အချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးကောက်ပွဲ ပြုလုပ်ပြီး စစ်ကောင်စီနဲ့ နီးစပ်သူတွေ အများစု ဝင်ပြိုင်ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နောက် တောင်ကြီး-ရွှေညောင်-ဟဲဟိုးလမ်းကို စစ်ကောင်စီ တင်းကြပ်စွာ စစ်ဆေး

ရှမ်းတောင် တောင်ကြီးမြို့နယ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် တောင်ကြီး-ရွှေညောင်-ဟဲဟိုးလမ်းကို စစ်ကောင်စီ တင်းကြပ်စွာ စစ်ဆေးနေ‌ကြောင်း ဒေသခံနဲ့ ခရီးသွားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။