ဓာတ်ပုံ – Local

အလင်း၊ ဇူလိုင် ၁၆ ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ ပျောက်ဆုံးနေတဲ့ ပညာရေးခရိုင်ရုံးဝန်ထမ်း Pu Pate ရဲ့ ရုပ်အလောင်းကို မနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ Vankau ရပ်ကွက်၊ RC ဘုရားကျောင်းအနီးမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသူကို တွေ့ရှိချိန်မှာ သတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ရပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေနဲ့ ခွဲခြားသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အလောင်းတွေ့ရှိတဲ့နေရာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာနဲ့ နီးစပ်ပြီး ၎င်းတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ နေရာမှာ ဖြစ်နေပါတယ်။

“ပျောက်နေတာက ၁၀ ရက်လောက်ရှိပြီ။ မနေ့က ပြန်တွေ့တဲ့ အလောင်းမှာလည်း ဒဏ်ရာတွေနဲ့ မမှိတ်မိတော့ဘူး။ သူဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ ခွဲခြားနိုင်တာပါ။ စစ်သားတွေနေတဲ့ နေရာအနားမှာတွေ့တယ်ဆိုတော့ မြို့ခံတွေက သူတို့လက်ချက်ပါပဲလို့ သုံးသပ်ကြတယ်။”လို့ ဖလမ်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူ Pu Pate ဟာ ဇနီးဖြစ်သူ ၂၀၂၅ ခုနှစ်မှာ ကလေးမြို့မှာ စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားခဲ့ပြီးနောက် သမီးနှစ်ဦး ကျန်ရစ်ခဲ့ပြီး တွေ့ရှိရတဲ့ ရုပ်အလောင်းကို ဒေသခံတွေက Lampa သုဿာန်မှာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။

“သူက သဘောကောင်းတော့ လူချစ်လူခင်ပေါ့တယ်။ ဘာကြောင့် အသတ်ခံရတာလဲ မပြောတက်ဘူး။ ဇနီးလည်း ကလေးမြို့မှာ စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားတယ်။ အခုသမီးနှစ်ယောက်ကျန်ခဲ့တယ်။ အားလုံးက စိတ်မကောင်းကြဘူး။” လို့ အထက်ပါ ဖလမ်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း ဖလမ်း-ဟားခါးလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားတဲ့ အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ သေဆုံးခဲ့ပြီး တစ်ဦးမှာ ဖလမ်းမြို့ ယာယီဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။