မိုင်းရူပ၊ ဇူလိုင် ၁၇ ရက်၊ ချောက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရဲဘော် ၂၀ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင် ၁၅ ရက်မှာ ချောက်မြို့နယ်ကနေ ဆိပ်ဖြူ-ဆောလမ်းပိုင်းအတိုင်း ထွက်လာတဲ့ စစ်ကောင်စီရဲ့ ရဲယာဉ်တန်း ၂ စီးကို တော်လှန်ရေးတပ်တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ကား ၂ စီးနဲ့ အင်အား ၅၀ ကျော်ပါတဲ့ ယာဉ်တန်းကို ဆိပ်ဖြူ-ဆောလမ်းပိုင်း တစ်နေရာမှာ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီဘက်က ၅ ကောင်သေတယ်။

၇ ဦး ဒဏ်ရာရတယ်လို့ ကနဦး သိရတယ်” လို့ ဆိပ်ဖြူမြို့နယ် မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP ပကဖ) နဲ့ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း၊ တပ်ခွဲ (၃) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဆိပ်ဖြူ-ဆောလမ်းပိုင်းမှာ ယာဉ်တန်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်မှာ ချောက်မြို့နယ် တောင်သာကျေးရွာအနီး စစ်ကောင်စီရဲ့ ရဲကွန်မန်ဒိုတပ်ဖွဲ့တွေ ပါဝင်တဲ့ စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာက PDF ရဲဘော် ၂၀ ဦး သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။