မန်တုံမှာ ပန်ရံလုပ်သားအချင်းချင်း ရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပွား

တအာင်းတပ်မတော် – TNLA ထိန်းချုပ်ထားတဲ့ တအာင်း(ပလောင်)ဒေသ မန်တုံမြို့ ဈေးတန်းရပ်ကွက်မှာ ပန်ရံလုပ်သားအချင်းချင်း စကားများရန်ဖြစ်ပြီး ဦးခေါင်းကို တုတ်နဲ့ အရိုက်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး မိုင်းကိုင်မြို့နယ်က တအာင်း အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရ၊ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ သားမိ၂ဦး နေရပ်ပြန်သွားနိုင်ခဲ့

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရှမ်းတောင် မိုင်းကိုင်မြို့နယ်က တအာင်းလူမျိုး အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရပြီး မလုပ်နိုင်တာကြောင့် မူဆယ်မြို့မှာ ၁ လကျော်ကြာ အလုပ်အကိုင်မရှိဘဲ နေထိုင်ခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဆိပ်ဖြူနယ်က ကျေးရွာ ၂ ရွာကို စစ်တပ်ကမီးရှို့၊ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ ၁၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။

ငါးမိုင်းခွဲတဲ့ တန့်ယန်းမြို့နယ်က အမျိုးသားတစ်ဦး လက်ထဲမှာ ပေါက်ကွဲလို့ လက်နှစ်ဖက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရ

ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ အမျိုးသားတစ်ဦးက ငါးမိုင်းခွဲခဲ့ရာကနေ လက်ထဲမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မြို့က ဝင်းထရံလုပ်ကွက်အတွင်းရှိ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံအချို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရ

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းက ဝင်းထရံလုပ်ကွက်အတွင်းရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေက်ိုလည်း ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးပြောပြချက်အရ သိရပါတယ်။

ကွတ်ခိုင်က တအာင်းရွာတွေရဲ့ အဝင်ဆိုင်းဘုတ်တွေမှာ တရုတ်စာအဖြစ်ပြောင်းလဲသွား

တအာင်းတပ်-TNLAထံ ကိုးကန့်တပ်-MNDAAက ပြန်လည်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က တအာင်းရွာအဝင်ဆိုင်းဘုတ်တွေမှာ ကိုးကန့်တပ် MNDAA က တရုတ်စာတွေအဖြစ် ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝ”ပြည် ပန်ခမ်းမြို့အနီးက ပေါက်ကွဲမှုဖြစ်စဉ်ကို UWSA က စုံစမ်းစစ်ဆေးသွားမယ်

“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA ထိန်းချုပ်ဒေသရဲ့ မြို့တော်ဖြစ်တဲ့ ပန်ခမ်းခေါ် ပန်ဆန်းမြို့နယ် ယုံပန်း (ယောင်းပန်း)ရွာက ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး UWSA က စုံစမ်းစစ်ဆေးသွားမယ်လို့ ထုတ်ပြန်လာပါတယ်။

ပြင်ဦးလွင်မှာ စိန်ရွှေဆိုင် ဓားပြတိုက်သူ ၁ ဦး ဖမ်းဆီးရမိ၊ အမျိုးသား ၂ ဦးကိုလည်း သံသယမှုနဲ့ ဖမ်းဆီးထား

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ သေနတ်ကိုင်တဲ့ အမျိုးသား ၂ ဦးက မြို့တွင်းရှိ စိန်ရွှေရတနာဆိုင်ကို ဓားပြတိုက်တာကြောင့် အမျိုးသား ၁ ဦးကိုတော့ ချက်ချင်း ဖမ်းဆီးရမိခဲ့ကြောင်း ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမှာ ပါဆယ်အထုပ်လာပို့တဲ့ ကားသမားတစ်ဦး ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ကားသမားအမျိုးသားတစ်ဦးက ပါဆယ်အထုပ်လာပို့ချိန်မှာပဲ သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာ TNLA ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေး

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ တအာင်းတပ်- TNLA ရဲ့ ရဲစခန်းအနီးရှိ တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ပြန်လည်နေထိုင်ခွင့် မပေးသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။