ဓာတ်ပုံ – CJ

ပျားကြီး၊ ဧပြီ ၂၆၊ ဆိပ်ဖြူ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ်ခြေ ၁၀၀ ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။

မနေ့ ဧပြီလ ၂၅ ရက် နေ့လည်ပိုင်းက ဇီးဖြူကောင်းနဲ့ ရေပုတ်ကျေးရွာ ၂ ရွာကိုတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကြောင်းထိုးပြီးမီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

“နေ့ခင်းဘက် အရမ်းပူတဲ့အချိန်ကိုစစ်ကြောင်းဝင်လာတာ။ လူတွေက လူလွတ်ထွက်ပြေးလိုက်ရတယ်။ ဘာမှမယူနိုင်ဘူး။ အိမ်တွေကတော့ အကုန်ကုန်သလောက်ဖြစ်သွားပြီ”လို့ ဇီးဖြူကောင်းကျေးရွာကဒေသခံတစ်ဦးကပြောပါတယ်။

အိမ်ခြေ ၁၀၀ ကျော်စီရှိတဲ့ ကျေးရွာ ၂ ရွာမှာ ဇီးဖြူကောင်းကျေးရွာက လူနေအိမ် ၇၈ လုံးနဲ့ ရေပုတ်ကျေးရွာက အိမ် ၂၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအပြင် ညနေပိုင်းမှာလည်း ဆိပ်ဖြူ – ဆောလမ်းပေါ်က ၁၀ မိုင်လမ်းဆုံစစ်တပ်အထိုင်စခန်းကနေ ဒေသခံတွေထွက်ပြေးတိမ်းရှောင်ရာနေရာတွေဘက်ကိုပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ၁၀ ကြိမ်

ထက်မနည်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်လူထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့ ဒေသခံတွေကဆိုပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်ပြုနိုင်မှုတော့မရှိသေးပါဘူး။

လက်ရှိအချိန်မှာ ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာတောတောင်တွေထဲမှာပုန်းအောင်းနေထိုင်နေရပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ အမိုးအကာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။