ဓာတ်ပုံ – Local

မိုင်းရူပ၊ ဧပြီ ၂၆ ရက်၊ မူဆယ်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရှမ်းတောင် မိုင်းကိုင်မြို့နယ်က တအာင်းလူမျိုး အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရပြီး မလုပ်နိုင်တာကြောင့် မူဆယ်မြို့မှာ ၁ လကျော်ကြာ အလုပ်အကိုင်မရှိဘဲ နေထိုင်ခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုင်းကိုင်မြို့နယ် နောင်ခမ်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ အဒေါ်ဖြစ်သူက မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လထဲမှာ ခေါ်ဆောင်လာကာ မူဆယ်မြို့ကို ရောက်ရှိချိန် တရုတ်မယားအဖြစ် လုပ်ခိုင်းခဲ့ရရာ မလုပ်နိုင်တာကြောင့် အဒေါ်ဖြစ်သူက အဆက်အသွယ် ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အဲဒီအမျိုးသမီးနှင့် ၎င်းနဲ့ လိုက်ပါလာတဲ့ အသက် ၄ နှစ်အရွယ် သားဖြစ်သူဟာ ပြန်လမ်းစရိတ် မရှိတာကြောင့် မူဆယ်မြို့မှာ ၁ လကျော်ကြာ နေထိုင်ခဲ့ရတယ်လို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။

“အဒေါ်က ခေါ်လာတာ။ မူဆယ်ရောက်တော့ တရုတ်မယား လုပ်ခိုင်းတာ။ ကျမက မလုပ်ချင်ဘူး။ ကျမကို အဆက်အသွယ် ဖြတ်လိုက်တာ။ အခုက ပြန်ဖို့လည်း လမ်းစရိတ် မရှိတော့ဘူး။ နေစရာနေရာလည်း မရှိဘူး” လို့ ဆိုပါတယ်။

ဒီနေ့ ဧပြီ ၂၆ ရက်မှာတော့ မူဆယ်အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုရဲ့ အကူအညီနဲ့ ၎င်းတို့ရပ်ဖြစ်တဲ့ မိုင်းကိုင်မြို့နယ်ဘက်ကို ပို့ဆောင်ပေးလိုက်ပြီလို့ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အဲဒီသားအမိနှစ်ယောက်ကို နေရပ်ပြန်ဖို့ ကူညီပေးလိုက်ပြီ။ အခု လားရှိုးကနေတစ်ဆင့် မိုင်းကိုင်ဘက်ကို ပြန်သွားပြီ”

မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး လိမ်လည်ခံရတာ မကြာခဏ ဖြစ်ပွားနေတာကြောင့် အလွယ်မယုံကြဖို့ လူမှုကူညီရေးအသင်းတွေက တိုက်တွန်းထားကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး ပွဲစားကနေတစ်ဆင့် တရုတ်မယားအဖြစ် ရောင်းစားခံရတာ၊ လိင်လုပ်သားအဖြစ် ရောင်းစားခံရတာနှင့် အတင်းအဓမ္မ စေခိုင်းခံရတာတွေကို မြန်မာအမျိုးသမီးတွေ မကြာခဏ ကြုံတွေ့နေကြရပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။