default

ရွှေဖီမြေ၊ ဧပြီလ ၂၁ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းက ဝင်းထရံလုပ်ကွက်အတွင်းရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေက်ိုလည်း ဖမ်းဆီးတာတွေရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးပြောပြချက်အရ သိရပါတယ်။

မနေ့ ဧပြီ ၂၀ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ မိုးကုတ်မြို့အနောက်ပိုင်းရှိ ဝင်းထရံလုပ်ကွက်အတွင်းရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မီးရှို့ခဲ့တာ ဟုတ်ပါတယ်။ နေအိမ်ဘယ်လောက်ပါသွားလဲတော့ အရေအတွက် အတိအကျမသိရဘူး။ ဒေသခံတွေကိုလည်း ဖမ်းဆီးသွားတာလည်း ရှိတယ်။ ပြန်လွှတ်လာပြီလားမသိဘူး အခုစုံစမ်းနေတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ဧပြီလ ၂၁ ရက် နေ့လယ် ၂ နာရီခွဲမှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ထောင်အနောက်က ရေချောင်းတစ်ခုမှာ ခနဲ(ဗြုန်း) ဆေးနေတဲ့ သူတွေကိုလည်း စစ်ကောင်စီတပ်က ကားနှစ်စီးနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထောင်အနောက်မှာ တွင်းတစ်ခုရှိတယ်။ အဲနားမှာ ခနဲ(ဗြုန်း) ဆေးတဲ့သူတွေက သူတို့ကို ပိုက်ဆံပေးပြီး လုပ်တာထင်တယ်။ သိန်း ၁၀၀ ပေးထားတာ‌ပေါ့။ တစ်လစာလား ဘာလားတော့မသိဘူးပေါ့နော်။ တပ်အပြောင်းအလဲလုပ်တော့ နောက်လူက ပိုက်ဆံမရတော့ ပြန်ဖမ်းတာ။ အဲလိုလုပ်တာ ထင်တယ်”

စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ တအာင်းတပ်မ‌တော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။