ပင်းတယမှာ အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရပြီးကတည်းက လုံခြုံရေးတင်းကြပ်ထား

‎ရှမ်းတောင် ပင်းတယမြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ခံခဲ့ရတာကြောင့် ဒီနေ့ ဇွန်လ ၁၅ ရက်အထိ သွားလာရေး စစ်ဆေးနေကြောင်း မြို့ခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြိုးတံတားအနီးရှိတဲ့ ကင်းချောင်းအတွင်း ဒီနေ့ ဇွန် ၁၅ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဦးမင်းအောင်လှိုင် တရုတ်ရောက်ချိန် စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင်ကို MNDAA ထပ်လွှတ်ပေး

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို ကိုးကန့်တပ်-MNDAA က ပြန်လွှတ်ပေးခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခရှိ စစ်ကောင်စီရဲ့ မိသားစုဝင်တစ်ဦးက ၎င်းရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။

ဖားကန့်မြို့နယ်မှာ မိုးကြီးပြီး ရပ်ကွက်တချို့ ရေတက်နေ၊ မိုးဆက်လက်ရွာသွန်းဆဲ

ကချင်ပြည် ဖားကန့်မြို့နယ်က ရပ်ကွက်တချို့တွေမှာ မိုးကြီးတာကြောင့် ရေကြီးတာတွေ ဖြစ်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

”ဝ”က အာဏာအလွဲသုံးစားလုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စတင်အရေးယူသွားမယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ အလုပ်သက်သေခံကတ် ပါရမယ်လို့ဆို

“ဝ” ပြည်တရားရေးကော်မတီ – WSP က “ဝ” ပြည်နယ် တရားဥပဒေစီမံခန့်ခွဲရေးကော်မတီ ပါတီကော်မတီရဲ့ ဆုံးဖြတ်ချက်အရ “ပြည်သူ့လူထု ကြီးကြပ်စောင့်ကြည့်ရေးစနစ်” ကို တည်ဆောက်လိုက်တယ်လို့ မနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကွတ်ခိုင် ငေါ့ငါ့ကျေးရွာမှာ ရွှေတူးဖော်မှုရပ်နားခြင်းမရှိတာကြောင့် လယ်ဧကရာချီ စိုက်ပျိုးမရဖြစ်နေ၊ စပါးစိုက်ရာသီ ရွှေတူးတာတွေ ယာယီရပ်ဆိုင်းပေးဖို့ တောင်းဆို

ကိုးကန့်တပ် – MNDAA ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ ကွတ်ခိုင်မြို့နယ် မာန်နိမ်အွန်ကျေးရွာအုပ်စု ငေါ့ငါ့ကျေးရွာမှာရှိတဲ့ တုန်ပန်းရေချောင်းမှာ လက်ရှိအချိန်ထိ ရွှေတူးဖော်မှုလုပ်ငန်းတွေ ရပ်နားခြင်းမရှိတာကြောင့် လယ်ဧကရာနဲ့ချီ စိုက်ပျိုးလို့မရဖြစ်နေတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

လားရှိုးမှာ ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ မိသားစုဝင်တွေက သေဆုံးတဲ့အထိ ရိုက်နှက်ခဲ့

ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်-၅ နယ်မြေ (၂၀) မှာ ချွေးမဖြစ်သူ အမျိုးသမီးတစ်ဦးကို ၎င်းရဲ့ခင်ပွန်းနဲ့ မိသားစုဝင်တွေက ရိုက်နှက်လို့ သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသား ၃၉ ဦးကို ဝတပ်ဖွဲ့က တရုတ်ထံ ထပ်မံလွှဲပြောင်း

“ဝ”ဒေသအတွင်း တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၃၉ ဦးကို တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့တယ်လို့ ဝပြည်တရားရေးကော်မတီက ထုတ်ပြန်ပါတယ်။

ခူန် KIA ကဲအူအီး ပဴင်ယံမ်းဟာဝ်း ကောန်ဆီုက် ပရဝ်ကော်င်ခါး လှံင်အေဲမ်ကိုက်နီန်အူအီး၊ ရမာအ်ုန်ကဲ မှာန်းကဲတိူဝ်ႈလာည်းအရေး တကဝ်အီလူည်ႇဟာဝ်းဒီန်

ကောန်အီပ်ုန် ကဝ်အီအာဝ်ပ္လိူရ်ႈဇီုဝ်နီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ ခူန်တံပ်ဆီုက်ခါင် – KIA ကဲအူအီး ပဴင်ယံမ်းဟာဝ်း ကောန်ဆီုက် ပရဝ်ကော်င်းခါး လှံင်အေဲမ်ကိုက် ကပီုန်ဆျှံမ်ကဒါႇပိူည်နီန်အူအီးအောႏ။

လူသတ်မှုနဲ့ MNDAA ရဲ့ သေဒဏ်ပေးစီရင်ခံရသူ ၄ ဦးထဲက သမီးအရင်းဖြစ်သူကို သတ်လို့ဆိုပြီး စွပ်စွဲခံရတဲ့ ကွတ်ခိုင်က အမျိုးသားလည်း ပါဝင်၊ ဇနီးဖြစ်သူကတော့ စွပ်စွဲချက်ကို လက်မခံ

မနေ့ ဇွန်လ ၁၃ ရက်က ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ကိုးကန့်တပ်မတော် – MNDAA က လူသတ်မှုနဲ့ သေဒဏ်ပေးခဲ့တဲ့ ၄ ဦးထဲမှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၈ က သမီးအရင်းဖြစ်သူကို သတ်တယ်လို့ဆိုပြီး စွပ်စွဲခံရတဲ့ အမျိုးသားတစ်ဦး ပါဝင်တာ တွေ့ရပါတယ်။