မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာခံပိုင်မြေကို ၁၀၅ မိုင် အုပ်ချုပ်ရေးမှူးမှ ၎င်းပိုင်မြေအဖြစ် ပြောဆိုနေတာကြောင့် အငြင်းပွါးနေပြီး ပြေလည်မှုမရသေး

ရှမ်းမြောက် မူဆယ်မြို့နယ် အောက်နမ့်ဟွယ်ရွာခံပိုင်မြေကို ၁၀၅ မိုင် အုပ်ချုပ်ရေးမှူးက ၎င်းပိုင်မြေဆိုပြီး အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ရာ ဒီနေ့အချိန်အထိ ပြေလည်မှုမရသေးဘူးလို့ ရွာခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကားပိုင်ရှင်ထံ အပ်ရမယ့် ငွေအားလုံးကို စလော့ဂိမ်းဆော့ပြီး ကုန်သွားတာကြောင့် ၁၂ဘီး ကားသမားတစ်ဦး မိမိကိုယ်ကိုယ် အဆုံး-စီရင်

အွန်လိုင်းလောင်းကစားဖြစ်တဲ့ စလော့ဂိမ်းကြောင့် ရှမ်းတောင် ညောင်ရွှေမြို့က အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ကားသမားတစ်ဦး ကိုယ့်ကိုယ်အဆုံး-စီရင် ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။

တောင်ကြီးရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းက ၁၂ တန်း ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးရဲ့သား ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရ

ရှမ်းတောင် တောင်ကြီးမြို့ရှိ အောင်မြေသစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ Grade-12 တက်နေတဲ့ ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသားကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘေးသင့်တဲ့ ကောင်းတပ်ရွာခံတွေအတွက် တရုတ်ပြည်ရောက် ရခိုင်ပြည်သူတွေနဲ့ AA တပ်ဖွဲ့တို့က ကျပ်သိန်း ၁၀၀ စီ လှူဒါန်း

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် တရုတ်ပြည် ခေတ္တရောက်နေတဲ့ ရခိုင်ပြည်သူတွေနဲ့ အရက္ခတပ်တော် – AA တို့က ကျပ်သိန်း ၁၀၀ စီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကောင်းတပ်ရွာခံတွေကို PSLF/TNLA က တောင်းပန်၊ နစ်နာဆုံးရှုံးမှုအပေါ် တာဝန်ယူဆောင်ရွက်သွားမယ်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဒုဥက္ကဌ(၁) ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနဲ့ ဒုဥက္ကဌ(၂) ဗိုလ်ချုပ် တားခူလန်၊ အထွေထွေ အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ အထွေထွေ အတွင်းရေးမှူး(၂) ဗိုလ်မှူးကြီး တားပန်လတို့ ဦးဆောင်ပြီး ကောင်းတပ်ရွာ ပေါက်ကွဲမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့သူတွေနဲ တွေ့ဆုံပြီး တောင်းပန်ခဲ့တယ်လို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။

လားရှိုး လွယ်လမ့်ရွာက သစ်သီးပွဲရုံဂိုဒေါင် မီးလောင်၊ ဆုံးရှုံးမှုများ

ရှမ်းမြောက် လားရှိုးမြို့နယ် လွယ်လမ့်ကျေးရွာက သစ်သီးပွဲရုံဂိုဒေါင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ လွယ်လွမ့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ရေဘေးဒုက္ခသည်တွေကို နေရာချပေးခဲ့တဲ့ လားရှိုးက နေအိမ်တွေကို တပ်ပိုင်မြေဆိုပြီး စစ်ကောင်စီတပ်က ဖယ်ရှား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ စစ်တပ်ပိုင်မြေကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၉ လုံးကို စစ်တပ်က ဘက်ဖိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းဖြတ်မြို့အနီးမှာ ပြိုကျလာတဲ့ ကျောက်တုံးထိပြီး ကားသမား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းအရှေ့ မိုင်းဖြတ်မြို့နယ်မှာ ပြိုကျလာတဲ့ ကျောက်တုံး ထိတာကြောင့် ကားသမား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

တအာင်းသီချင်းဖြစ်တဲ့ “ဆငည်းဟိုက်ဇိုက်ဇာရ်”သီချင်း ရေးသားခဲ့သူ တားမြတ်ထွန်း ကွယ်လွန်

တအာင်းလူမျိုးတွေရဲ့ ရင်ထဲ စွဲမြဲနေတဲ့ “ဆငည်းဟိုက်ဇိုက်ဇာရ်”သီချင်းကို ရေးသားခဲ့သူ တားမြတ်ထွန်း ကွယ်လွန်သွားပြီလို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

UWSA က ကျားဖြန့်နဲ့ဆက်စပ်သူ တရုတ်နိုင်ငံသား ၂၆ ဦးနဲ့ လူကုန်ကူးဖို့ ကြံရွယ်ခံရသူ ၆ ဦးကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေး

“ဝ”တပ်မတော်- UWSA က ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်)နဲ့ ဆက်စပ်သူ ၂၆ ဦးနဲ့ ငွေလိမ်လည်ဂိုဏ်းမှာ အတင်းအဓမ္မ စေခိုင်းခံရသူ ၆ ဦးကို တရုတ်နိုင်ငံထံ ထပ်မံ လွှဲပြောင်းပေးခဲ့တယ်လို့ “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က ထုတ်ပြန်ပါတယ်။