ဓာတ်ပုံ – အောင်ပန်း နာရေးလူမှုကူညီရေးအသင်း

ပို့လဘား၊ ဇူလိုင်လ ၃ ရက်၊ ‌ရှမ်းတောင်

အွန်လိုင်းလောင်းကစားဖြစ်တဲ့ စလော့ဂိမ်းကြောင့် ရှမ်းတောင် ညောင်ရွှေမြို့က အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ကားသမားတစ်ဦး ကိုယ့်ကိုယ်အဆုံး-စီရင် ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ ၃ ရက် မနက်ပိုင်းက အောင်ပန်း – ကလော ကားလမ်းမပေါ်မှာ ၁၂ ဘီးကားမောင်းနှင်လာတဲ့ ယာဥ်မောင်းတစ်ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး လူမှုကူညီရေးအသင်းအဖွဲ့က သွားရောက်ကူညီပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ရန်ကုန်ကနေ တက်လာတယ်ထင်တယ်။ ဒီ‌မနက် သူတို့ ကလောဘက် တိုးဂိတ်နားမှာ ရောက်တော့ သူတို့နားနေကြတာ။ သူ့ရဲ့ ကားစပယ်ယာ ပြောပြချက်အရတော့ သူကတော့ အိပ်ချင်တယ်ဆိုပြီး သွားအိပ်လိုက်တယ်။ စပယ်ယာ ခဏအိပ်ပျော်နေတဲ့အချိန်မှာ ဒရိုင်ဘာက သူ့ကိုယ်သူ သေ-ကြောင်းကြံသွားတာ။ ပြောတာကတော့ သူစလော့ဂိမ်း‌ ဆော့နေတာ။ သူတို့တင်လာတဲ့ ကုန်ဖိုးပစ္စည်းတွေ အကုန်ထုတ်လာပြီးတော့မှ အုန်နာဆီအပ်ရမယ့်ပိုက်ဆံတွေ သူအကုန် ကစားလိုက်တာ။ သူအကြွေးတင်သွားက သိန်း ၁၅၀ ပတ်ချာလည်ဝန်းကျင်ပဲ။ အဲကြောင့် သူ့ကိုယ်သူ လုပ်ကြံသွားတာ ထင်တာပဲ။

၎င်းအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ အောင်ပန်း နာရေးလူမှုကူညီရေးအသင်းက ကလောမြို့ရှိ ပြည်သူ့‌ဆေးရုံရင်ခွဲရုံသို့ ကူညီသယ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စလော့ဂိမ်းကြောင့် အကြွေးနွံနစ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်တာ၊ လူသတ်မှု၊ ငွေကြေးလိမ်လည်မှုတွေ မကြာခဏ ဖြစ်ပွားနေသလို အိမ်ထောင်ရေး ပျက်စီးတာတွေလည်း ဆက်တိုက်ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။