ပုံ – Local

ပို့လဘား၊ ဇူလိုင် ၃ ရက်၊ မူဆယ်

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်တစ်ဦး မောင်းနှင်လာတဲ့ကားက ကုန်စုံဆိုင်တစ်ခုကို ဝင်တိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့ ဇူလိုင်လ ၃ ရက် မနက် ၈ နာရီကျော်မှာ ဖြစ်ခဲ့တာဖြစ်ပြီး မူဆယ်မြို့ မန်ဝိန်း လမ်းမကြီးအနီးရှိတဲ့ ကုန်စုံဆိုင်ထဲကို ကားတစ်စီး အရှိန်နဲ့ မောင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

“ကားကပြည်သူ့စစ် မောင်းလာတဲ့ကားပဲ။ သူမူးပြီးမောင်းလာတာလားမသိဘူး။ မန်ဝိန်းလမ်းမှာရှိတဲ့ ‌သုံးထောင့်အကွေ့မှာ ဖြစ်သွားတာ။ မြဝတီဘဏ်ရှေ့က ကုန်စုံဆိုင်ကို ဝင်တိုက်ပြီး ဆိုင်ရှင်က မိန်းကလေးတစ်‌ယောက်ကိုလည်း ထိသွားတယ်။ သူတို့က ကားကို မောင်းချင်သလို မောင်းနေကြတယ်”

ဆိုင်ကို ဝင်တိုက်ပြီး ခဏအကြာမှာပဲ ဒေသခံနဲ့ သက်ဆိုင်ရာက သွားရောက် စစ်ဆေးပြီး အဲဒီကားမောင်းလာတဲ့သူကိုသက်ဆိုင်ရာတွေက ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရသွားတဲ့ အဲဒီဆိုင်ပိုင်ရှင်အမျိုးသမီးကို ရွှေလီမြို့ဘက်သို့ ဆေးကုသခံယူနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူဆယ်မြို့နယ်ဟာ စစ်တပ်အပြင် ၎င်းရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေ မကြာခဏ ဖြစ်ပွားနေသလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။