ဓာတ်ပုံ – The Kokang

ရွှေဖီမြေ၊ ဇူလိုင် ၂ ရက်၊ မုံးကိုး

ရှမ်းမြောက် မူဆယ်မြို့နယ် မုံးကိုးမြို့ထဲက မန်ဖာ(ဖာငပ်)ရွာက အမျိုးသား ၆ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညပိုင်းမှာ ကိုးကန့်တပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရွာထဲ ဝင်ရောက်လာပြီးတော့ ဖမ်းဆီး‌ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “အဲကိစ္စက ရွာတွင်းပြဿာနာပါ။ အဲရွာက မုဆိုးမတစ်ယောက်က တခြားရွာက ယောက်ျားတစ်ယောက်ကို အိမ် ခေါ် ခေါ်လာလို့ ရွာကလူတွေက ကန့်ကွက်ကြတာ။ မယူသေးဘဲ ညတိုင်း ခေါ်လာတော့ ပြောမရတော့ သူခေါ်လာတဲ့တစ်ယောက်ကို ရွာကလူတွေက ဆုံးမတဲ့အနေနဲ့ ရိုက်တာ။ အဲမိန်းကလေးက ကိုးကန့်ဆီ သွားတိုင်တာ။ တိုင်တော့ ကိုးကန့်တွေက ရွာထဲက အမျိုးသား ၆ ယောက်ကို ဖမ်းသွားတာ။ အခုထိ ပြန်မလွှတ်သေးဘူး။ အခုချိန်က လယ်လုပ်ချိန်ဆိုတော့ အလုပ်ရှုပ်နေတဲ့အချိန်မှာ အခုလို ဖမ်းထားတော့ အလုပ်မဖြစ်ကြဘူး” လို့ ပြောပါတယ်။

ကိုးကန့်တပ် ဖမ်းဆောင်သွားတဲ့ အမျိုးသား ၆ ဦးကို ပြစ်ဒဏ်ပေးတဲ့အနေနဲ့ တစ်ဦးကို ယွမ် ၅ဝဝ ပေးဆောင်ခိုင်းတဲ့အပြင် ၁ဝ ရက်ကြာ ချုပ်နှောင်ထားမယ်လို့ အထက်ပါ အမျိုးသားက ဆိုပါတယ်။

“သူတို့ဖမ်းတာ ၆ ယောက်ဆိုပေမဲ့ ရွာကသေးတော့ လူငယ်ပိုင်းအားလုံးလို့ ပြောလို့ရတယ်။ တကယ်တော့ အဲမိန်းမနဲ့ အရိုက်ခံရတဲ့တစ်ယောက်ကို အပြစ်ပေးရမှာ ရွာသူရွာသားတွေက သတိပေးရက်နဲ့ ထပ်လုပ်တယ်။ ရွာနာမည် ပျက်စီးအောင်၊ ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်နေတာ။ ဗုဒ္ဓဘာသာရွာလည်း ဖြစ်တယ်။ ကိုးကန့်ဘက်ကလည်း ရွာသားတွေဖမ်းပြီး ဒဏ်ငွေ ရိုက်တာ မလုပ်သင့်ဘူး။ သေးတဲ့အမှုကို ပိုကြီးအောင်ပဲ လုပ်နေတာ”

မန်ဖာကျေးရွာဟာ အိမ်ခြေ ၁ဝ အိမ်လောက်သာရှိတဲ့ ကျေးရွာငယ်တစ်ရွာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။