ဓာတ်ပုံ – Local

မြတ်နိုး၊ ဇူလိုင် ၃

မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရေယာဉ် အစီး ၂၀ ခန့်ဟာ ကသာမြို့အနီးကို ရောက်ရှိလာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကလည်း စစ်ရေယာဉ်တက်လာတာကို တားဆီးနိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

နောက်ထပ် သတင်းရင်းမြစ် အမျိုးသား တစ်ဦးကလည်း “မနှစ်ကလို အေးအေးဆေးဆေးတော့ ရောက်လာနိုင်မယ် မထင်ဘူး။ အရင်နှစ်က အတွေ့အကြုံရှိထားပြီးဖြစ်လို့ ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ ဗျူဟာတွေတော့ ရှိမှာပါ။ ပြန်လှည့်သွားအောင် မလုပ်နိုင်ရင်တောင် သာသာယာယာတော့ ရောက်လာနိုင်မယ့် အခြေအနေ မဟုတ်ဘူး” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ကချင်စစ်မျက်နှာဖြစ်တဲ့ ကသာ၊ ရွှေကူ၊ ဗန်းမော်ဘက် စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်နိုင်ဖို့ စစ်သင်္ဘော ၂ စီး အပါအဝင် ရေယာဉ် ၂၀ ခန့်နဲ့ မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အလုံးအရင်းနဲ့ ဆန်တက်လာနေတာလို့ သိရတယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဇွန်လ ၃၀ ရက်နေ့မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာ အထူးပန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ တိုက်ခိုက်ရေး စစ်သင်္ဘော ၂ စီး ဦးဆောင်တဲ့ သင်္ဘောအစီးရေ ၂၀ ခန့်နဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ရေယာဉ်တက်လာတဲ့ လမ်းကြောင်းတစ်လျှောက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နိုင်သလို စစ်ရေယာဉ်တွေကလည်း မြစ်ကမ်းဘေးဝဲယာကို ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် ဧရာဝတီမြစ်ကမ်းနဲ့ ၅ မိုင်အတွင်း နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ယာယီတိမ်းရှောင်ပြီး လုံခြုံရေးအထူးဂရုစိုက်ကြဖို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြားထားပါတယ်။

ဒါ့အပြင် ဇူလိုင် ၂ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ စစ်လေယာဉ် ၈ စီးဟာ ခလရ (၅၆) နဲ့ ခလရ (၆၀၂) တပ်ရင်းတွေရှိရာကို စစ်လက်နက်၊ ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ လာရောက်ပို့ဆောင်ခဲ့တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဟာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်၊ ရွှေကူနဲ့ အခြားမြစ်ကြောင်းတစ်လျှောက် တပ်စခန်းတွေကို လက်နက်၊ ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားတွေ ပို့ဆောင်ရာမှာ ဧရာဝတီမြစ်ကြောင်းကို အဓိကအသုံးပြုလေ့ ရှိတာကြောင့် မြစ်ကြောင်းတလျှောက် စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။