မန်တုံမှာ ထောင်ဖောက်မှုဖြစ်ပွား၊ သက်ငယ်အဓမ္မပြုကျင့်မှုနဲ့ လူသတ်မှု ကျူးလွန်သူတွေ ထွက်ပြေးလွတ်မြောက်နေ

တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့မှာ မနေ့ ဇူလိုင် ၂၀ ရက်က ထောင်ဖောက်မှုဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၁၅ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ခိုင်လှုံတဲ့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ မောင်နှမ ၂ဦးသာရှိတဲ့ နေအိမ်တစ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က နေအိမ်တစ်ခုမှာ အနုကြမ်းစီး ဓားပြတိုက်ခံရပြီး နေအိမ်ရှိ အမျိုးသမီး ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မန္တလေးမှာ အာဇာနည်နေ့အခမ်းအနားတွေ မလုပ်ဖို့စစ်ကောင်စီတပ်က ပိတ်ပင်၊ ဗဟိုမီးသတ်မှာပဲ ဉဩဆွဲဖို့ခွင့်ပြု

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေနဲ့ဉဩဆွဲမှုတွေ မလုပ်ဖို့ စစ်ကောင်စီက ပိတ်ပင်တားမြစ်ထားပြီး ဗဟိုမီးသတ်စခန်းတစ်ခုထဲမှာပဲ ဟန်ပြလုပ်ဆောင်ဖို့ ခွင့်ပြုပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သီပေါမြို့ တာလုံ ဖောင်ဆိပ်မှာ ကြိုးပြတ်လို့ လှေနဲ့အတူ ကားတစ်စီး မျှောပါပြီး ၅ ဦးသေဆုံး

‎ရှမ်းမြောက် သီပေါမြို့နယ်ရှိ တာလုံရွာအနီးရှိ တာလုံချောင်းက ဇတ်ကူးတဲ့နေရာမှာ လှေကူးတဲ့ကြိုးပြတ်လို့ ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်သိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်မှုထမ်းဖို့ လာဘ်ပေးပြီးရှောင်သူတွေ များလာတာကြောင့် မန္တလေးမှာ မဲနှိုက်ရွေးချယ်မှုတွေပြန်လည်လုပ်ဆောင်လာ

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းတိမ်းရှောင်ဖို့အတွက်ငွေကြေးပေးဆောင်ပြီးတိမ်းရှောင်သူတွေ များပြားလာတာကြောင့် စစ်မှုထမ်းမဲနှိုက်ရွေးချယ်မှု အသစ်တွေ ထပ်မံလုပ်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်က သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ထားပြီး ထောင်ဖောက်ပြေးသွားတဲ့ စစ်တပ် CDM ခွဲစိတ်ဆရာဝန် အောင်ဖြိုးနိုင်ဟာ စစ်ကောင်စီ ထိန််းချုပ်တဲ့ တန့်ယန်းမြို့က မိုင်ဆုန်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေ

‎ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၈ ရှိ ရွှေကွတ်ခိုင် အထူးကုဆေးခန်းမှ ဆေးခန်းပိုင်ရှင် အောင်ဖြိုးနိုင်ဟာ သူ့ဆေးခန်းမှာ အလုပ်လုပ်နေတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာကြောင့် တအာင်းတပ် TNLA က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

လားရှိုးမှာ စစ်ကောင်စီဘက်က အရေးယူမှုမရှိတာကြောင့် သူခိုးတွေကို မြို့ခံတွေ ဝိုင်းဖမ်းနေရ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၁) မှာ ဆိုင်ကယ်ခိုးယူနေတဲ့ အမျိုးသားတစ်ဦးကို မြို့ခံတွေ ဝိုင်းဖမ်းနိုင်ခဲ့တယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

လားရှိုး ဟူးမွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်အဖြစ် မဲအနိုင်ရခဲ့သူကို အုပ်ချုပ်ရေးမှူးအဟောင်းက နေရာမဖယ်ပေး

ရှမ်းမြောက် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒမဲနဲ့ ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ဒေသခံတွေရွေးချယ်တင်မြှောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ကိုးကန့်တပ် – MNDAA နဲ့ ပက်သက်မှုရှိလို့ဆိုပြီး အုပ်ချုပ်ရေးမှူးဟောင်းက နေရာမဖယ်ပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အမှိုက်ကား ပုံမှန်မလာတာကြောင့် မူဆယ်ဒေသခံတွေက အမှိုက်ကို ကြုံသလို စွန့်ပစ်နေရလို့ အနံ့ဆိုး ထွက်နေ

စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အမှိုက်ကား ပုံမှန်မလာတာကြောင့် အမှိုက်ကို ကြုံသလို စွန့်ပစ်နေရတာကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက အနံ့ဆိုးတွေ နေ့တိုင်း ရှူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။