‎ပပ၊ ဇူလိုင် ၁၇ ရက်၊ တန့်ယန်း

‎ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၈ ရှိ ရွှေကွတ်ခိုင် အထူးကုဆေးခန်းမှ ဆေးခန်းပိုင်ရှင် အောင်ဖြိုးနိုင်ဟာ သူ့ဆေးခန်းမှာ အလုပ်လုပ်နေတဲ့ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာကြောင့် တအာင်းတပ် TNLA က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

‎ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ကွတ်ခိုင်ရှိ အချုပ်ကို ဖောက်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သား ၂၀ ဦးထဲမှာမှ အသက် ၃၇ နှစ်အရွယ် ဒေါက်တာ အောင်ဖြိုးနိုင်ဆိုသူ ပါဝင်ခဲ့ပါတယ်။

‎လက်ရှိမှာတော့ အောင်ဖြိုးနိုင်ဆိုသူဟာ ရှမ်းမြောက် တန့်ယန်းမြို့ရှိ ပုဂ္ဂိလိက ဆေးရုံတစ်ခုဖြစ်တဲ့ ရပ်ကွက် ၄ ရှိ ဦးအောင်မြတ်လမ်း လားဟူဘော်ဒါဆောင်ဘေးနားရှိ မိုင်ဆုန် ဆေးရုံမှာ ပြီးခဲ့တဲ့လ ဇွန်လကစပြီး တာဝန်ထမ်းဆောင်နေကြောင်း မြို့ခံတွေက ဆိုပါတယ်။

‎တန့်ယန်းမြို့ခံတစ်ဦးက “ဟုတ်ပါတယ် အောင်ဖြိုးနိုင်ဆိုတဲ့ဆရာက ခွဲစိတ်ဆရာဝန်ပါ။ တခြားဟာတော့ မသိပေမဲ့ အဲလို ရာဇဝင်ရှိခဲ့ဖူးတဲ့ လူတစ်ယောက်ကြောင့် ဒီကကလေးနဲ့ အမျိုးသမီးတွေအတွက် စိုးရိမ်ရတယ်။ စိတ်မချနိုင်တော့ဘူး” လို့ ပြောပါတယ်။

‎ဒါ့အပြင် ၎င်းအမျိုးသားကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးအရေးယူမှုလုပ်ပေးစေချင်ကြောင်း နောက်ထပ်မြို့ခံ တစ်ဦးက ဆိုပါတယ်။

‎”လူထုတွေနဲ့ ထိတွေ့မှု လုပ်နေရတဲ့ အဲဆရာဝန်အလုပ်ကို ပေးမလုပ်စေချင်တော့ဘူး။ ကျနော်တို့အတွက် မလုံခြုံနိုင်ဘူး” လို့ ပြောပါတယ်။

‎ဒါ့ကြောင့် တန့်ယန်းဒေသခံတွေက ၎င်းဆရာဝန်ရှိတဲ့ မိုင်ဆုန်ဆေးရုံမှာ ဆေးမကုသဖို့နဲ့ အထူးဂရုစိုက်ကြဖို့ လိုအပ်ကြောင်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

အဲအောင်ဖြိုးနိုင်ဆိုသူဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ် ခွဲစိတ်ဆရာဝန်ကနေ CDM ပြုလုပ်ထားသူဖြစ်ပြီး လက်ရှိ စစ်ကောင်စီထိန်းချုပ်တဲ့ တန့်ယန်းမြို့မှာ အလုပ်ပြန်လုပ်နေတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။