နောင်ချိုမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ပြတ်

ရှမ်းမြောက် နောင်ချိုမြို့နယ် ယာပြင်ကျေးရွာက အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကားပိုင်ရှင်ထံ အပ်ရမယ့် ငွေအားလုံးကို စလော့ဂိမ်းဆော့ပြီး ကုန်သွားတာကြောင့် ၁၂ဘီး ကားသမားတစ်ဦး မိမိကိုယ်ကိုယ် အဆုံး-စီရင်

အွန်လိုင်းလောင်းကစားဖြစ်တဲ့ စလော့ဂိမ်းကြောင့် ရှမ်းတောင် ညောင်ရွှေမြို့က အသက် ၂၈ နှစ်အရွယ်ရှိတဲ့ ကားသမားတစ်ဦး ကိုယ့်ကိုယ်အဆုံး-စီရင် ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦး ပြောပြချက်အရ သိရပါတယ်။

ဖားကန့်မှာ လုပ်ကွက် မြေစာပုံ ထပ်မံပြိုကျလို့ ရေမဆေးကျောက်လုပ်သား အနည်းဆုံး ၄ ဦး ပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နဲ့ ကောင်စံရွာကြားရှိ စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာလုပ်သား အနည်းဆုံး ၄ ဦး မြေစာပုံအောက် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး အရှိန်မြှင့်မယ်လို့ TNLA ပြော၊ သိန်းပေါင်း ၇ သောင်းကျော် ကူညီထောက်ပံ့ပေးခဲ့

ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်မှု များခဲ့တဲ့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကို အရှိန်မြှင့် ဆောင်ရွက်ပေးနေပြီး သိန်းပေါင်း ၇ သောင်းကျော် ကူညီထောက်ပံ့ပေးခဲ့ပြီလို့ တအာင်းတပ်က ထုတ်ပြန်လာပါတယ်။

ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးကို အမြင့်ဆုံး ကျပ်သိန်း ၁ ထောင် ကူညီထောက်ပံ့ပေး

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးကို အမြင့်ဆုံး ကျပ်သိန်း ၁ ထောင် ကူညီထောက်ပံ့ပေး‌သွားမယ်လို့ ပြန်လည်ထူထောင်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

KIO က ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သိန်း ၅၅၀ ကူညီလှူဒါန်း

ကချင်လွတ်လပ်ရေးအဖွဲ့- KIO က နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သိန်း ၅၅၀ လှူဒါန်းခဲ့တယ်လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ စာရင်းအရ သိရပါတယ်။

ဘေးသင့်တဲ့ ကောင်းတပ်ရွာခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် UWSA နဲ့ SSPP က သိန်း ၁၀၀ စီ လှူဒါန်း

ဘေးသင့်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာက ဒေသခံတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် လားရှိုးမြို့ရှိ “ဝ”ဆက်ဆံရေးရုံးနဲ့ ရှမ်းတပ် SSPP က သိန်း (၁၀၀) စီ လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းက ပေါက်ကွဲမှုအတွင်း ဒဏ်ရာရတဲ့ လူနာနဲ့ ကူညီပေးနေသူတွေကို အစ္စလာမ်လူငယ်အသင်းက အစားအသောက် ချက်ပြုတ်လှူဒါန်း

တအာင်းတပ် TNLA ထိန်းချုပ်တဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုအတွင်းမှာ ဒဏ်ရာရတဲ့ လူနာတွေနဲ့ ကူညီပေးနေသူတွေကို အစ္စလာမ် စေတနာမွန်လူငယ်အသင်းက အစားအသောက်တွေ ချက်ပြုတ်လှူဒါန်းပေးခဲ့တယ်လို့ ကယ်ဆယ်ရေးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ အလုပ်ရမယ်ဆိုပြီး မိုင်းကိုင်မြို့နယ်က တအာင်း အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရ၊ လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ သားမိ၂ဦး နေရပ်ပြန်သွားနိုင်ခဲ့

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ အလုပ်ရမယ်ဆိုပြီး ရှမ်းတောင် မိုင်းကိုင်မြို့နယ်က တအာင်းလူမျိုး အမျိုးသမီးတစ်ဦး တရုတ်မယားအဖြစ် စေခိုင်းခံရပြီး မလုပ်နိုင်တာကြောင့် မူဆယ်မြို့မှာ ၁ လကျော်ကြာ အလုပ်အကိုင်မရှိဘဲ နေထိုင်ခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လေပြင်းတိုက်ခတ်လို့ နေအိမ်ပျက်စီးသွားတာကြောင့် ဒီမော့ဆို့အရှေ့ဘက်ခြမ်းရှိတဲ့ စစ်ရှောင်တွေ အကူအညီလိုအပ်နေ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်တွေရဲ့ တဲအိမ်နဲ့ ခန်းမဆောင်တွေပါ ထိခိုက်ပျက်စီးကုန်တာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ DTMG Volunteer Team တာဝန်ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။