ပို့လဘား၊ ဇွန်လ ၂၇ ရက်၊ ကောင်းတပ်

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ပျက်စီးသွားတဲ့ နေအိမ်တစ်လုံးကို အမြင့်ဆုံး ကျပ်သိန်း ၁ ထောင် ကူညီထောက်ပံ့ပေး‌သွားမယ်လို့ ပြန်လည်ထူထောင်ရေး ကော်မတီအဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် ပြည်တွင်းပြည်ပရှိ‌ ဒေသအသီးသီးက ပါဝင်လှူဒါန်းခဲ့တဲ့ အလှူငွေအားလုံးကို ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်က‌စပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို တအာင်းတပ်ဖွဲ့နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ငွေတွေကို ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။

ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ်တွေအတွက် ရရှိထားတဲ့ ငွေတွေနဲ့ ပျက်စီးမှုအခြေအနေ‌ပေါ် မူတည်ပြီး ပေးအပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“‌အစက သူတို့ကို အိမ်တပုံစံတည်းဖြစ်‌အောင် အိမ်‌ဆောက်ပေးမလို့။ ဒါပေမဲ့ တချို့ကလည်း ထရံအိမ်နဲ့ပဲကြိုက်တယ် သစ်သားအိမ်ပဲ ကြိုက်တယ်‌ ပြောနေကြလို့။ ပိုက်ဆံပဲ အကုန်ပေးလိုက်တယ်။ သူတို့နေအိမ်ပေါ်ပဲ မူတည်ပြီး ပေးတာပေါ့။ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ ထရံအိမ်တို့ အဲလိုမျိုး ရှိတာကို အဲကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူဘူးပေါ့။ တချို့လည်း သိန်းရှစ်ရာ၊ သိန်းငါးရာ အဲလိုပေါ့။ နည်းနည်းပျက်စီးတဲ့အိမ်ဆိုရင် သိန်း ၂၀ ပေါ့။ တချို့ကလည်း လက်မခံကြဘူး။ ပေးတဲ့ငွေက နည်းတယ်ဆိုပြီး မယူတဲ့သူလည်းရှိတယ်”

ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ကနေ ဇွန်လ ၁၇ ရက်အထိ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက အလှူငွေ ကျပ်သိန်းပေါင်း ၂ သောင်း ၂ ထောင်အပြင် တရုတ်ယွမ် ၂၂၈,၀၀၀ (ကျပ်သိန်း ၁,၅ဝဝ ဝန်းကျင်)လည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် ပျက်စီးသွားတဲ့ နေအိမ်တွေအတွက် တအာင်းတပ်ရဲ့ စီးပွါးရေးဌာနဘက်ကလည်း ငွေ ကျပ်သိန်းပေါင်း ၄ သောင်း လာရောက်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ကောင်းတပ်ရွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် လက်ရှိအချိန်ထိ အလှူငွေ လာလှူပေးကြတာတွေ ရှိနေသလို အလှူငွေ ဆက်လက်ကောက်ခံတာလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်မှာ တအာင်းတပ်ရဲ့ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ဒေသခံ ၄၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၅၄ ဦးအထိ ရှိခဲ့သလို နေအိမ် ၆၈၀ လည်း ပျက်စီးဆုံးရှုံးခဲ့ပြီးတော့ အဲဒီထဲမှာမှ မီးလောင်ပြာကျခဲ့တဲ့ နေအိမ် ၄၀ ကျော် ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။