မိုင်းတစ်လုံး ပေါက်မိရာကနေ နောင်ချိုက အမျိုးသားတစ်ဦး‌ သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်မှာ မိုင်းကို ‌ပေါက်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရံပ်ရိုႈဘိုး တကခံပ်ကယည် ဟံမ်းဆဒါင်ကာည်း အရာင်ရည်း ပ်ုန်ပ္လိူရ်ႈဟြာင်းဒဲႈ ဖုင်ယဲဆျှိုည်ဖီမျေ ဆငည်းရႎါည်း တောန်နှားနီန်အောႏ။

ဆဒါင်ပ်ုန်နံင်ယိူဝ်းအယ်တ တငါဝ်းနှားနီန်မိုႈ ~ ဆဒါင် ပ်ုန်ဘိူန်းတိုည်းတိုအီးအရာပ် ကဲရာင်ဒေ အ်ုန်အီမိုႈ တိုအီးဘြား 2 အီး ပ်ုန်အာပ်ဒဲႈကဲတ ပလိက်နီန် ဟည်ႎီရ်လောတ်ဒေဲႈဖါ်ႈ ဂေါႇမိုႈဂါရ်ဟည်ဘြားဘိုး စီႎီရ်ဘိူန်းဘိုးတိုည်းအောႏ

ဖလမ်းတိုက်ပွဲမှာ သေဆုံးတဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကလေးမြို့သို့ ပို့ဆောင်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် တိုက်ပွဲတွေမှာ သေဆုံးတဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကလေးမြို့ စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်တရားရုံးမှ သေဒဏ်ချမှတ်

မကွေးတိုင်း ဆောမြို့ မှာ သက်ငယ်မုဒိမ်းမှုကျူးလွန်ပြီး လူသတ်အလောင်းဖျောက်ခဲ့တဲ့ တရားခံ မင်းမင်းစိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ မြို့နယ်တစ်ခုရဲ့ တရားရုံးက ဧပြီ ၂ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့တယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။

၁၀ နှစ်ကြာ တရုတ်မယားအဖြစ် ရောင်းစားခံရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို နေရပ်မပြန်နိုင်အောင် အမျိုးသားဖြစ်သူက ခြေဖနောက် လှီးဖြတ်ထား

တရုတ်နိုင်ငံမှာ ၁၀ နှစ်ကြာ တရုတ်မယားအဖြစ် ရောင်းစားခံခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဒေသခံအမျိုးသမီးတစ်ဦးကို နေရပ်မပြန်နိုင်အောင် အမျိုးသားဖြစ်သူက ခြေဖနောက် လှီးဖြတ်ထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ်မြို့ရှိ ဟိုတယ် 68 အနီးက ကျားဖြန်ရုံတစ်ခုမှာ လူသတ်မှု ဖြစ်ပွါးခဲ့လို့ ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ ဟိုတယ် 68 အနီး ကျားဖြန်ရုံတစ်ခုမှာ လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ကျားဖြန်လုပ်ကိုင်သူတွေကိုလည်း ဝင်ရောက်ဖမ်းဆီးပြုလုပ်နေတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ဟိုင်းကနေ AA ထံပို့မယ့် (၁၁) ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

ရှမ်းမြောက် ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသကနေ အာရက္ခတပ်တော် – AA ထံ ပို့ဆောင်မယ့် ၁၁.၇ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဂေါႇမိုႈမဴင်တီႇခေဲင်ကတာည်းကာည်း ဂြိုခြီုင်လာက်နာက်ဆီုက်အီကီုတ်ကဲနီန် စီပဲန်ကညာလိုင်းငါမ်းမာည်း အီဂေါည်ပနော်င်ခေဝ်ကဲနီန် ဘ်ုပ်ႎီုန်ဟာဝ်းဒိုႇ လိုင်းကဲ၊ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ အာဝ်ဆာင်လာင်ဒဲႈစိ

ဘိူန်းအယ်နံပ် တောပ်ပ်ုန်က္လာင်းကောန်အီပ်ုန် ကဝ်အီဂေါည်ခေဲင်အရာပ်ဒီန်အူအီးဒါႈ ဂေါႇမိုႈမဴင်တီႇခေဲင်ကတာည်းကဲနီန် ဆီုင်ဂီုည်မိူဝ်ႈအူန်း ခေဲင်လိုင်းငါမ်းမာည်း ပလှံင်နော်င်ခေဝ်ကဲနီန် စီပဲန်ကညာလိုင်းကဲကဒါႇဂီုန်း ဘ်ုပ်ႎီုန်ဟာဝ်းဒိုႇ လိုင်းငါမ်းမာည်းကဲဒီန်အောႏ။

မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာက အရပ်သား ၂ ဦးကို စစ်ကောင်စီတပ် ပစ်သတ်သွားတဲ့အပြင် ဒရုန်းဗုံးနဲ့ပါ ကြဲချတိုက်ခိုက်လို့ ၈ ဦး သေဆုံး

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဖက်ပင်အိုင်ကျေးရွာက အရပ်သား ၂ ဦးကို စစ်ကောင်စီတပ် ပစ်သတ်သွားတဲ့အပြင် ဒရုန်းဗုံးနဲ့ပါ ကြဲချတိုက်ခိုက်ခဲ့လို့ စုစုပေါင်း အရပ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး

မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။